Home
မြန်မာသတင်း
မိုးမောက်တွင် ကျပ်သိန်း ၉၅၀၀ ခန့် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
May 12, 2018
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ ကျပ်သိန်း ၉၅၀၀ လောက် တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မေ ၁၀ ရက်နေ့၊ ညနေ အချိန်မှာ ဗန်းမော် မူးယစ်တပ်ဖွဲ့စု ၁ က တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်း အဖွဲ့ဟာ ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ခေါဘောမ် မောင်းနှင်လာတဲ့ TOYOTA HIACE ကားကို ရှာဖွေရာမှာ ကားရဲ့ ခေါင်မိုးအံဝှက်ထဲမှာ ဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူတွေကို ဖမ်းမိခဲ့တာပါ။ စုစုပေါင်း ဆပ်ပြာခွက် ၈၅၉ ခွက်(ဘိန်းဖြူ အလေးချိန် ၉ ဒသမ ၄၄၉ ကီလို)ကို ဖမ်းဆီးမိပြီး အသက် ၂၇ နှစ်အရွယ် ခေါဘောမ်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024