မြန်မာနိုင်ငံသည် ဒေသတွင်း စီးပွားရေးအင်အားကြီးနိုင်ငံသစ်ဖြစ်နိုင်
DVB
·
June 14, 2012

မြန်မာနိုင်ငံက စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲတာတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရင် ဒေသတွင်း စီးပွားရေးအင်အား တောင့်တင်းတဲ့ နိုင်ငံဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ စင်ကာပူ ဂုဏ်ထူးဆောင် အဆင့်မြင့် ဝန်ကြီး ဂိုချောက်တောင်က ပြောပါတယ်။
မြန်မာနဲ့ စင်ကာပူဟာ အပြန်အလှန်အကျိုးအမြတ်အတွက် မှီတည်နေရတယ်လို့လည်း ၂ ရက်ကြာ မြန်မာပြည်ခရီးကပြန်လာတဲ့ စင်ကာပူ ဝန်ကြီးရဲ့ ပြောဆိုချက်ကို ချန်နယ်နယူစ်အေးရှားသတင်းက ကိုးကားရေးပါတယ်။
ြ
[caption id="attachment_26666" align="alignleft" width="300" caption="မစ္စတာ ဂိုချောက်တောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ"]
[/caption]
မန်မာနဲ့ စင်ကာပူ တိုးတက်တာတွေကလည်း ကွဲလွဲတဲ့ အဆင့်တွေ ဖြစ်နေပြီး ၂ နိုင်ငံ အတူအလုပ်လုပ်သွားရင် မြန်မာက စင်္ကာပူထက် ပိုအကျိုးအမြတ် ရလိမ့်မယ်လို့လည်း ပြောပါတယ်။ ခိုင်မာတောင့်တင်းတဲ့ မြန်မာ က ဒေသတွင်းအတွက် ကောင်းလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
မြန်မာပြည် အပြောင်းအလဲတွေ လမ်းကြောင်းမှန်ပေါ်ရောက်ရှိပြီး ပိုပွင့်လင်းလာရင် ၁၀ နှစ်အတွင်း တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကို တိုးတက်သွားနိုင်တယ်။ အဲဒီအခါ အာဆီယံအဖွဲ့အားကောင်းပြီး ဒေသတွင်းမှာ စီးပွားရေးအရ ပိုမိုအားကောင်း ကြွယ်ဝလာမှာပါလို့ ဂိုချောက်တောင်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ လမ်းကြောင်းမှန်ပေါ်မှာ ရောက်ရှိနေပြီးတော့ ပြောင်းလဲမှုတွေကလည်း စိတ်ကျေနပ်စရာကောင်းတယ်လို့ ဆိုပါတယ်။
တိုင်းပြည်က နိုင်ငံရေး ပါတီတွေကလည်း တိုင်းပြည်အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ဖို့လည်း ဂိုချောက်တောင်က ထည့်သွင်းပြောဆိုပါတယ်။ မြန်မာကို သွားရောက်လည်ပတ်ရတဲ့ အကြောင်းကတော့ စင်ကာပူက နည်းပညာ အကူအညီ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ နားလည်မှုရရှိဖို့လို့ သူက ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် စင်ကာပူ ဇန်နဝါရီ ခရီးစဉ်အတွင်း နည်းပညာပိုင်းဆိုင်ရာ အကူအညီနဲ့ ပတ်သက်ပြီးတော့ နားလည်မှု လတ်မှတ်ရေးထိုးနိုင်တယ်လို့ ဆိုပါတယ်။ စီးပွားရေး ဖွံ့ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးနဲ့ လူထု အုပ်ချုပ်ရေးတွေမှာ စင်္ကာပူက အကူအညီပေးမယ်လို့လည်း ဆိုပါတယ်။
စင်ကာပူ ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလာပါတယ်။ စင်ကာပူ စီးပွားရေး အဖွဲ့ကလည်း ဒီနှစ်ထဲမှာ မြန်မာပြည်ကို သွားရောက်တာ ၂ ကြိမ်ရှိပြီ ဖြစ်ပါတယ်။
စင်ကာပူဟာ မြန်မာရဲ့ စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီးတော့ ၂ နိုင်ငံ ကုန်သွယ်မှုဟာ အရင်နှစ်က စင်ကာပူဒေါ်လာ ၁.၆ ဘီလီယံ ရောက်ရှိခဲ့ပါတယ်။
