အန်အယ်လ်ဒီ အမတ် ၃ ဦးကို ပါတီစည်းကမ်းအရ အရေးယူမည်
ပြည့်ဘုန်းအောင်
·
April 22, 2018

အန်အယ်လ်ဒီအမတ် ၃ ယောက်ကို ပါတီစည်းကမ်းအရ အရေးယူဖို့ ဆုံးဖြတ်လိုက်တယ် လို့ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာန တာဝန်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင် အန်အယ်လ်ဒီ ရုံးချုပ်မှာ ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာပါ။
“လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကိုတော့ ပါတီစည်းကမ်းအရ အရေးယူဖို့ ဗဟို အလုပ်အမှုဆောင် အဖွဲ့က အတည်ပြုလိုက်ပါတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရပါဘူး။ အဓိက ကတော့ ပါတီစည်းကမ်းချိုးဖောက်တာ၊ နောက် ကိုယ်တာဝန်ယူရတဲ့ ငွေစာရင်းတွေ လုပ်ကိုင်ဆောင်ရွက်တဲ့ အခါမှာ လုပ်ထုံးလုပ်နည်းတွေနဲ့ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိတာ၊ အဲဒါတွေပါပဲ ခင်ဗျ” လို့ ပြောပါတယ်။
ဒီနေ့ အစည်းအဝေးမှာ ဇွန်လမှာ ပြုလုပ်မယ့် ဒုတိယအကြိမ် ပါတီညီလာခံ ကိုယ်စားလှယ် တွေ ရွေးချယ်မယ့် ကိစ္စတွေ၊ အလုပ်သမားရေးရာ ကော်မတီမှာ အင်အားထပ်တိုးဖို့ ဆုံးဖြတ်တာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။