ကမ္ဘာ့နိုင်ငံများ၏ စစ်အင်အားသတ်မှတ်ချက်တွင် မြန်မာအဆင့် ၃၅ တွင် ရပ်တည်
DVB
·
April 12, 2018

Global Firepower ၀က်ဘ်ဆိုက်က ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အင်အားအဆင့် သတ်မှတ်ချက်ညွန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၃၆ နိုင်ငံအနက် ကမ္ဘာ့အဆင့် ၃၅ မှာ ရပ်တည်နေပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ စစ်အင်အားအဆင့်သတ်မှတ်ချက်မှာတော့ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ရဲ့နောက်မှာ မြန်မာက အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်သည်အင်အား ၅ သိန်းကျော်ရှိပြီး တိုက်လေယာဉ် ၅၆ စီးအပါအ၀င် စစ်လေယာဉ် ၂၆၃ စီး၊ စစ်ရေယာဉ် ၁၅၅စီး၊ တင့်ကား ၅၉၂ စီးရှိကာ စစ်အသုံးစရိတ် ဘတ်ဂျက် ကတော့ ဒေါ်လာ သန်း ၂၄၀၀ သုံးစွဲထားတယ်လို့ ဆိုပါတယ်။
ကမ္ဘာမှာ စစ်အင်အားအကြီးဆုံး ထိပ်သီး ၅ နိုင်ငံကတော့ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ပြင်သစ်နိုင်ငံတွေဖြစ်ပါတယ်။
ဓာတ်ပုံ-တပ်မတော်