Home
မြန်မာသတင်း
ဗန်းမောက်တွင် ဘိန်းမဲ ကျပ်သိန်း ၁၀၀၀ ဖိုးခန့် ဖမ်းဆီးရမိ
DVB
·
April 9, 2018
  စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် မံစီကြီး နယ်မြေရဲစခန်းအပိုင်မှာ ဧပြီလ ၈ ရက် ညပိုင်းက ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းမဲတွေ  ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေး ကြည်လင်းဟာ မူးယစ်ဆေးဝါး ရောင်းချသူတွေနဲ့အတူ နေအိမ်ကိုပြန်ရောက်နေကြောင်း သတင်းရတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲပ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ နန်းဇားကျေးရွာရှိ ကြည်လင်းနေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့တာပါ။ မံစီကြီး ရဲစခန်းက ရဲအုပ်ဇော်သန်းထွဋ်က “နေအိမ်ပြတင်းပေါက်က ပစ္စည်းတွေကို လွှင့်ပစ်ပြီး ခုန်ချထွက်ပြေးသွားတယ်။ နေအိမ်ပေါ်မှာ ဟုမ္မလင်းမြို့နယ် ရေကျော်ရွာက စိန်လွင်နဲ့ချစ်တူးတို ၂ ယောက်ကျန်ရှိခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ နေရာအသီးသီးမှ ဘိန်းမဲ ၁၉ ပိဿာ ၉၀ ကျပ်သား၊ ကာလတန်ဖိုးကျပ်သိန်းပေါင်း ၉၇၀ ကျော်လောက်နဲ့ KENBO-125 မော်တော်ဆိုင်ကယ်တစ်စီး သိမ်းဆည်းရမိခဲတယ်” လို့ ပြောပါတယ်။ မံစီကြီးရဲစခန်းက စိန်လွင်နဲ့ ချစ်တူးတို့ နှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ-၁၉(က)/၂၁ နဲ့အမှုဖွင့် အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကြည်လင်းကိုလည်း ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေပါတယ်။ သတင်း-မင်းထီး ဓာတ်ပုံ-တပ်ကြပ်ကြီး တင်မောင်အေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024