Homeသတင်းဓာတ်ပုံ
“ဟိုးရှေးရှေးက ဓာတ်ပုံများ” နောက်ဖေးလမ်းကြားဥယျာဉ်ကို သရုပ်ဆောင် မအေးသောင်း လာရောက် (ဓာတ်ပုံ)
“ဟိုးရှေးရှေးက ဓာတ်ပုံများ” နောက်ဖေးလမ်းကြားဥယျာဉ်ကို သရုပ်ဆောင် မအေးသောင်း လာရောက် (ဓာတ်ပုံ)
ပြည့်ဘုန်းအောင်
·
April 4, 2018
ရန်ကုန် နောက်ဖေးလမ်းကြားဥယျာဉ် စီမံချက်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ပန်းဘဲတန်းမြို့နယ် ၃၁ လမ်းနဲ့ ဗိုလ်ဆွန်ပက်လမ်းကြား (အလယ်ဘလောက်) မှာ ‘ဟိုးရှေးရှေးက ဓာတ်ပုံများ’လို့ အမည်ပေးထားတဲ့ နောက်ဖေးလမ်းကြားကို ရှေးဟောင်းဓာတ်ပုံတွေနဲ့ အလှဆင်ထားပါတယ်။
အနုပညာလောကမှာ တကျော့ပြန် နာမည်ရလာတဲ့ ရုပ်ရှင်သရုပ်ဆောင် မအေးသောင်း ခေါ် အေးဝတ်ရည်သောင်းဟာ ဒီနောက်ဖေးလမ်းကြားဥယျာဉ်ကို ဧပြီ ၃ ရက်ညနေက လာရောက်ခဲ့တာပါ။
အဆိုပါ နောက်ဖေးလမ်းကြားဥယာဉ်ကို ကလေးငယ်တွေ ပျော်ရွှင်စွာ ဆော့ကစားနိုင်ဖို့နဲ့ သန့်ရှင်းတဲ့ ပတ်ဝန်းကျင် ဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးနဲ့ ပန်းဘဲတန်းမြို့နယ် အန်အယ်လ်ဒီရဲ့ အစီအစဉ်နဲ့ ပြုလုပ်တာဖြစ်ပြီး လာမယ့် ဧပြီ ၈ ရက်နေ့မှ တရားဝင်ဖွင့်လှစ်မှာပါ။