Homeမြန်မာသတင်း
တရားရုံးကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သည့် ရှေ့နေဦးဇော်ဝင်းကို ရွှေရောင်ဖိနပ်သုံးရံဖြင့် ဂုဏ်ပြု
တရားရုံးကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သည့် ရှေ့နေဦးဇော်ဝင်းကို ရွှေရောင်ဖိနပ်သုံးရံဖြင့် ဂုဏ်ပြု
Aung Aung Naing
·
March 28, 2018
တရားရုံးကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ ရှေ့နေဦးဇော်ဝင်းကို နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ ဖမ်းဆီးပြီး ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ ဒီနေ့ မနက် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံး တရားခွင်စစ်ဆေးပြီးချိန်မှာ တရားခွင်ရှေ့က ဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ ရှေ့နေဦးဇော်ဝင်းဟာ မတ်လ ၂၁ ရက် ည ၁၁ နာရီအချိန်က နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ ဖမ်းဆီးခဲ့တာပါ။
ပြည်ကြီးတံခွန်မြို့နယ် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုးက တရားလိုပြုလုပ်ပြီး မတ်လ ၂၀ ရက်က နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားရုံးဦးတိုက်လျှောက်တဲ့အတွက် ဖမ်းဝရမ်းထုတ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သတ်ပြီး မတ်လ ၂၂ ရက် မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ ရမန်ယူခဲ့ပြီး မတ်လ ၂၈ရက်ကို ဒုတိယအကြိမ် ချိန်းဆိုခဲ့ပါတယ်။
ရှေ့နေဦးဇော်ဝင်းက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ မတ်လ ၁၅ ရက်နေ့ က တရားရုံးမထေမဲ့မြင်မှုကို ပြန်လည်ချေပခွင့်မပေးပဲ ထောင်ဒဏ် ၄ လ ချမှတ်လိုက်တဲ့အတွက် တရားခွင်စစ်ဆေးပြီးချိန်မှာ တရားခွင်ရှေ့က ဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တာပါ။
ဖိနပ်နဲ့ ပစ်ပေါက်တဲ့အတွက် တွဲဘက်တရားသူကြီး ဒေါ်အေးယုမွန်ရဲ့ တိုင်ကြားချက်ကြောင့် မတ် ၁၆ ရက်က ဦးဇော်ဝင်းကို ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၂၂၈/၅၀၆ တို့နဲ့ အမှုဖွင့်လိုက်ပါတယ်။
သတင်းမီဒီယာတွေကို ပြည်ကြီးတခွန်မြို့နယ်တရားရုံးက ဒုတိယအကြိမ်ရုံးထုတ်ရာမှာ လုံးဝ ဝင်ခွင့်မပေးတာဟာ ကန့်သတ်ချုပ်ခြယ်မှုဖြစ်ပြီး သတင်းမီဒီယာတွေကို ဒီလိုလုပ်တာမျိုး မလုပ်သင့်ဘူးလို့ ရှေ့နေဦးဇော်ဝင်းက ပြောပါတယ်။
ပြည်ထောင်စု လယ်သမား၊ အလုပ်သမားအင်အားစုပါတီ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးမင်းသူကလည်း ရှေ့နေ ဦးဇော်ဝင်းကို ရွှေရောင်ဖိနပ်သုံးရံလာ ရောက်ဂုဏ်ပြုခဲ့ပါတယ်။