နိုင်ငံတဝန်း လျှပ်စစ်မီးသုံးစွဲမှုနှင့် ထုတ်လုပ်မှု စံချိန်တင်
DVB
·
March 26, 2018

နိုင်ငံတဝန်းမှာ မတ်လအတွင်း လျှပ်စစ်ဓာတ်အား စံချိန်တင်သုံးစွဲခဲ့သလို လျှပ်စစ်ထုတ်လုပ်ပေးမှုလည်း စံချိန်တင်ခဲ့ပါတယ်။
၂၀၁၈ မတ်လ ၂၁ ရက်မှာ တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ၃၂၆၈ ဒသမ ၂ မဂ္ဂါဝပ် သုံးစွဲခဲ့ပြီး ဒါဟာ မြန်မာနိုင်ငံမှာ တရက်တာ အမြင့်ဆုံး ထုတ်လုပ်ပေးမှု စံချိန်လည်း ဖြစ်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင် ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာထွန်းနိုင်ရဲ့လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
“တနေ့တာရဲ့ Total Generation Peak က မတ်လ ၂၂ ရက်မှာ စုစုပေါင်း 62,032.9 MWh/day ရောက်ရှိသွားတယ်။ ဒီရက်ပိုင်းတွေမှာ ရေအားလျှပ်စစ်ကနေ 1935 MW ခန့်နဲ့ အပူစွမ်းအင်သုံးလျှပ်စစ်က 1350 MW ခန့်စီ ထုတ်လုပ်ပေးနေပါတယ်”လို့လည်း လျှပ်စစ်ဒုဝန်ကြီးက ရေးသားဖော်ပြပါတယ်။
ဒီအခြေအနေတွေကလည်း စံချိန်ဖြစ်လာခဲ့ပြီး အရင်နှစ်တွေနဲ့ယှဉ်ကြည့်ရင် ၂၀၁၆ ခုနှစ်မှာ ၂၆၇၃ မဂ္ဂါဝပ်၊ ၂၀၁၇ ခု နှစ်မှာ ၂၈၈၉ မဂ္ဂါဝပ်၊၂၀၁၈ ခုနှစ်မှာ ၃၂၆၈ မဂ္ဂါဝပ် တိုးသုံးလာနိုင်တာလည်း ဖြစ်ပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ လတ်တလောမှာ ရေအားလျှပ်စစ် အမြင့်ဆုံး ၁၈၂၃ ဒသမ၇ မဂ္ဂါဝပ်၊ အပူစွမ်းအင်သုံးစက်တွေက အမြင့်ဆုံး ၁၃၆၆ ဒသမ ၈ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေပါတယ်။
Photo : Tun Naing