ဂျေရုဆလင်တွင် ဓားကိုင်တိုက်ခိုက်သူကို အစ္စရေးစစ်သားက သေနတ်ဖြင့် ပစ်သတ်

ဂျေရုဆလင်မြို့ဟောင်းမှာ မတ်လ ၁၈ ရက်နေ့က အစ္စရေးတဦး ဓားနဲ့တိုက်ခိုက်ခံရပြီး  အခြေအနေစိုးရိမ်ရတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်သူ ပါလက်စတိုင်းကိုတော့ အနီးမှာ တာဝန်ကျနေတဲ့ အစ္စရေးစစ်သားက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်သူ ပါလက်စတိုင်းဟာ အသက် ၂၈ နှစ်အရွယ် အက်ဘ်ဒယ်ရာမန်ဘာနီဖာဒယ် ဖြစ်တယ်လို့ အစ္စရေးဘက်ကပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ ကလည်း  ပါလက်စတိုင်းကားသမား ၀င်တိုက်မှုကြောင့် ဂျူးအခြေချဒေသအနီး စောင့်ကြပ်နေတဲ့ အစ္စရေးစစ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up