မိတ္ထီလာတွင် အိမ်သာကျင်းတူးရာမှ စက်သေနတ်တွေရှိ
DVB
·
March 12, 2018
မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက် နယ်မြေ (၇) မတ်လ ၁၀ ရက်ညက ဒေါ်စိန်ရဲ့ အိမ်ဝိုင်းအတွင်း အိမ်သာကျင်းတူးရာမှ သဲတွေပိတ်ဆို့ပြီး သံချေးတက်နေတဲ့ စက်သေနတ် တလက်တွေ့ရှိတယ် လို့ မိတ္ထီလာအမှတ်(၂)ရဲစခန်းက ပြောပါတယ်။
မိတ္ထီလာအမှတ်(၂)ရဲစခန်းဒုရဲအုပ်လှမျိုးသူက"မြေကျင်းတူးတာ အလျား၆ပေ အကျယ် ၄ပေး အနက် ၃ပေအရောက်မှာ တွေ့တာပါ သံချေးတက်ပြီး ပစ်ခတ်လို့မရတဲ့ စက်သေနတ်ပါ။ ဂျပန်ခေတ်က ဖြစ်မယ် ယူဆတယ်"လို့ ပြောပါတယ်။
မိတ္ထီလာတပ်နယ်ကို လွှဲပြောင်းပေးအပ် သွားမယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)