အသက်ကို အပေါင်ထားပြီး ငြိမ်းချမ်းရေးလုပ်နေတာပါ- ဦးအောင်မင်း
DVB
·
May 21, 2012

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ ဆွေးနွေးနေ တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဆိုပြီး သမ္မတ ဦးသိန်းစိန်က အဖွဲ့ဝင် ၅၀ ကျော်နဲ့  ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းပေးလိုက်ပါတယ်။
ဘာကြောင့် ခုလိုပြင်ဆင်တိုးချဲ့ ဖွဲ့စည်းလိုက်တာလဲဆိုတာ၊ မြန်မာပြည်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ - ဦးအောင်မင်းကို ဒီဗွီဘီ ချင်းမိုင်ဗျူရို အကြီးအကဲ ဦးတိုးဇော်လတ်က ကျိုင်းတုံမြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။