ဗလင်စီယာကို အနိုင်ယူပြီး ဘာစီလိုနာ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

စပိန်ဘုရင့်ဖလား (ကိုပါဒယ်လ်ရေး) ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဗလင်စီယာနဲ့ ဘာစီလိုနာတို့ မနေ့ကယှဉ်ပြိုင်ရာ ဘာစီလိုနာက ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ဘာစီလိုနာကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်ကလည်း အိမ်ရှင်အသင်းက တဂိုး ဂိုးမရှိနဲ့ အနိုင်ရထားလို့ နှစ်ကျော့ပေါင်း သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာပါ။ ဘာစီလိုနာဟာ ဒီပွဲမှာ မက်ဆီ၊ ဆွာရက်ဇ် တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပြီး အသစ်ခေါ်ယူထားတဲ့ ကော်တင်ဟိုကိုတော့ အရန်ခုံမှာထားပြီး ဒုတိယပိုင်းမှ လူစားလဲ အသုံးပြုခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်း အပြန်အလှန် ထိုးဖောက် ကစားခဲ့ပြီး ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီရဲ့ ကန်သွင်းချက်တချို့ ဗလင်စီယာ ဂိုးသမား ကာကွယ်နိုင်ခဲ့သလို ဗလင်စီယာရဲ့ အပိုင် ခေါင်းတိုက်ချက် ဂိုးတိုင်ထိ ထွက်သွားခဲ့လို့လည်း နစ်နာခဲ့ရပါတယ်။ ဘာစီလိုနာဟာ သူတို့ရဲ့ ကစားဟန်အတိုင်း ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းအထိ အသာစီးယူ ကစားနိုင်ခဲ့ပေမယ့် နှစ်သင်း ထိုးဖောက် ကန်သွင်းခွင့်တွေမှာတော့ မတိမ်းမယိမ်းပဲ ရှိခဲ့ပါတယ်။ ဘာစီလိုနာအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို ဒုတိယပိုင်းမှာ သွင်းယူခဲ့တာဖြစ်ပြီး လူစားဝင် ကစားသမား ကော်တင်ဟိုက ၄၉ မိနစ်မှာ တဂိုးနဲ့ ၈၂ မိနစ်မှာ ကွင်းလယ်ကစားသမား ရာကီတစ်က တဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရပြီး ဗိုလ်လုပွဲတက်သွားတဲ့ ဘာစီလိုနာဟာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဆီဗီလာနဲ့ လာမယ့် ဧပြီလ ၂၁ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up