ပြည်ထောင်စုနေ့ သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ မန္တလေး ကန်တော်ကြီးဥယျာဉ်တွင် ကျင်းပမည်

ပြည်ထောင်စုနေ့ အထိမ်းအမှတ်အတွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ ပြိုင်ပွဲကို မန္တလေး ကန်တော်ကြီးဥယျာဉ်မှာ ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၆ရက်ထိ ကျင်းပမှာဖြစ်ပါတယ်။ နေ့ခင်းပိုင်းမှာ ပြပွဲတွေခင်းကျင်းပြသဖို့ရှိပြီး ညပိုင်းမှာတော့ မြို့မတူရိယာ၊ နန်းမြို့လုလင် တေးဂီတ၊ ရောင်ခြည်တေးဂီတ စတဲ့ ညစဉ် ၇ ရက်ဆက်တိုက် ဖျော်ဖြေရေး အစီအစဉ်တွေနဲ့အတူ ဈေးရောင်းပွဲတော်တွေ ပါဝင်တယ်လို့ မန္တလေးစည်ပင်သာယာရေးကော်မတီက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up