ဆီးရီးယား သူပုန်ထိန်းချုပ်နယ်မြေအတွင်း ကျည်ထိမှန်၍ ကလေးငယ် ၂ ဦး သေဆုံး

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့အနီး သူပုန်တွေထိန်းချုပ်ထားတဲ့ အရှေ့ဂူတာဒေသ ဒုံမာမြို့မှာ ဖေဖော်ဝါရီ ၁ ရက်က ကျည်ထိမှန်ပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ နောက်ထပ် ဒဏ်ရာရသူလည်း ၁၀ ဦးရှိတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။ ဒီဇင်ဘာ ၂၉ ရက်က စတင်ပြီး ဒေသတဝိုက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးသူ အရေအတွက်ဟာ ၂၄၀ နီးပါးထိ မြင့်တက်လာခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ မစ္စရာဘာမြို့အနီး ကျေးလက်ဒေသတဝိုက် ဒဏ်ရာရသူတွေကို ဦးထုပ်ဖြူတွေ၊ အရပ်သားကာကွယ်ရေးအဖွဲ့က ကယ်တင်နေပုံကို ရိုက်တာသတင်းဌာနက ရရှိတဲ့ ဗွီဒီယိုမှတ်တမ်းအတွင်း မြင်တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up