Home
ရုပျသံ
ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းထဲ မီးလောင်စေသည့် ပုလင်းပစ်ပေါက်သူဓာတ်ပုံ ရဲထုတ်ပြန် (ရုပ်သံ)
DVB
·
February 1, 2018
27459138_1392427034219893_7016854921483368252_n
27332392_1392426970886566_6350279199927619647_n
27072990_1392435054219091_7058078660706328644_n
27067561_1392426917553238_2537082531904305938_n
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်းအတွင်းကို မီးလောင်စေတဲ့ပုလင်း ပစ်ပေါက်ခဲ့သူရဲ့ ဓာတ်ပုံကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ / ၅၆ ခြံဝန်းအတွင်းသို့ မီးလောင်စေတဲ့ ပုလင်းပစ်ပေါက်ခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိရေးအတွက် ကူညီစုံစမ်းသတင်းပေးရန်ဆိုပြီး တိုင်းရဲသတင်းမှာ ဖော်ပြပါတယ်။ အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ အင်တာနက်စာမျက်နှာမှာလည်း “အလိုရှိသည်”ဆိုပြီး “ပြစ်မှုကျူးလွန်သူ၏ ပုံသဏ္ဌာန်မှာ အသက် ၄၀ နှစ်ခန့်၊ ဆံပင်နက်တို၊ အရပ် ၅ ပေ ၅ လက်မခန့်၊ အသားညို၊ ခန္ဓာကိုယ်ဝ၊ မြန်မာလိုဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး၊ ဝတ်ဆင်ထားသည့်အဝတ်မှာ တီရှပ်ပန်းရောင်၊ ပလေကပ်လုံချည်အပြာကွက်ကျဲ ဖြစ်ပါသည်။ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ကူညီစုံစမ်း သတင်းပေးပါဆိုပြီး ရဲစခန်းဖုန်းတွေနဲ့တကွ တင်ထားတာ တွေ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024