ဘရာဇီးအကျဉ်းထောင်တခုတွင် တိုက်ခိုက်မှုဖြစ်၊ အနည်းဆုံး အကျဉ်းသား ၁၀ ဦး သေဆုံး

ဓာတ်ပုံ - EFE-EPA/Wellington Macedo
ဘရာဇီးနိုင်ငံက အကျဉ်းထောင်တခုမှာ ဇန်နဝါရီ ၂၉ ရက်နေ့က အကျဉ်းကျခံနေရတဲ့ ရာဇဝတ်ဂိုဏ်းသားအချင်းချင်းကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး အကျဉ်းသား ၁၀ ဦး သေဆုံးသွားပါတယ်။ ဘရာဇီး အရှေ့မြောက်ပိုင်း ဆီရာပြည်နယ် မြို့တော် ဖိုတာလယ်ဇာမြို့နဲ့ ၁၂၅ ကီလိုမီတာ အကွာမှာရှိတဲ့ အကျဉ်းထောင်မှာ အဲဒီလို တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ရာဇဝတ်ဂိုဏ်းတခုနဲ့ ဆက်စပ်နေတဲ့ ထောင်သားတွေက ရန်ဘက်အုပ်စုကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထောင်ထဲမှာ ကိုးဦးသေဆုံးသွားပြီး နောက်တဦးက ဆေးရုံမှာ သေဆုံးသွားတာဖြစ်တယ်လို့ ဘရာဇီးသတင်းစာတစောင်က ရေးသားဖော်ပြပါတယ်။ အခု တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ အဲဒီအကျဉ်းထောင်မှာ ထောင်သား ၁၁၃ ဦးခန့် ရှိပါတယ်။ ဘရာဇီးနိုင်ငံမှာရှိတဲ့ တခြားအကျဉ်းထောင် ၃ ခုမှာလည်း ထောင်သားတွေ ထွက်ပြေးမှုရှိနေပြီး ထောင်သား ၁၀ ဦးခန့် ထွက်ပြေးသွားခဲ့တာပါ။ အခုတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ထောင်ရှိရာ ဖိုတာလယ်ဇာမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ခန့်က လူဆိုဂိုဏ်းအချင်ချင်း တိုက်ခိုက်မှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up