Home
မြန်မာသတင်း
နိဗ္ဗာန်ယာဉ်များ စည်းကမ်းနဲ့ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးနေ
DVB
·
January 24, 2018
ဝမ်းတွင်းမြို့နယ်ထဲက လူမှုကူညီရေးအသင်းနဲ့ နာရေးကူညီမှုအသင်းတွေမှာ အသုံးပြုတဲ့ နိဗ္ဗာန်ယာဉ်တွေ လိုင်စင် HSE တွေရယူထားပြီး နာရေးကားမှာရှိသင့်တဲ့ အင်္ဂါရပ်တွေနဲ့ညီညွတ်မှု ရှိ၊ မရှိကို ဇန်နဝါရီ ၂၃ ရက်က စစ်ဆေးနေတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက  ပြောပါတယ်။ ခေတ္တခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်က “ဒီနေ့ HSE ကားတွေ လာစစ်ဆေးတယ်။ HSE အင်္ဂါရပ်နဲ့ ညီ၊ မညီရယ်၊ နိဗ္ဗာန်ယာဉ် လူမှုကူညီရေးစာတန်း ကပ်ထား၊ မထား စစ်ဆေးတယ်။ အဲဒီစာတန်းတွေ ကပ်ပြီး စည်းမျဉ်းစည်းကမ်းနဲ့အညီ အသုံးပြုဖို့လည်း ပြောပြသတိပေးတယ်။ တချို့လည်း အလွဲသုံးနေတာတွေ ရှိတယ်။ ယူနီဖောင်းဝတ်ရင်လည်း နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းတွေနဲ့ ပုံစံတူမလုပ်ကြဖို့ မှာခဲ့တယ်” လို့ ပြောပါတယ်။ ညောင်ဦးဖီးအုပ်စု အုပ်ချုပ်ရေးမှူး ပရဟိတကွန်ရက်မှ ဦးတင်ဆင့်က “HSE လိုင်စင် ယူပြီး ပရဟိတမလုပ်ဘဲ မှောင်ခိုလုပ်ငန်းတွေမှာ သုံးနေတာတွေရှိတော့ အမှန်တကယ် လုပ်၊ မလုပ် စုံစမ်းစစ်ဆေးတာပါ။ နာကူမှာ ပါသင့်တဲ့ လူနာတင်စင်တွေလည်း စစ်ဆေးတယ်။ လိုင်စင် သက်တမ်း ရှိ၊ မရှိလည်း စစ်တယ်။ စစ်ဆေးသင့်ပါတယ်။ တချို့က လူမှုကူညီရေး စာတန်းကပ်ပြီး အလွဲသုံးနေတာတွေလည်း ရှိနေတော့ အခုလို ပြန်စစ်တာ ကောင်းပါတယ်။ အခုလို စစ်ဆေးထားမှ အမှန်လုပ်နေတဲ့သူတွေကို ပြည်သူက ပိုယုံကြည်ပြီး အားကိုးလာမှာပါ”လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ လူမှုကူညီရေးအသင်းပေါင်း ၈၀ ကျော်လောက် ရှိနေပါတယ်။ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ မှတ်ပုံတင်ထားတဲ့ အသင်း ၅၀ လောက်ရှိပြီး HSE လိုင်စင်ကားရှိတဲ့ အသင်း ၁၈ သင်း၊ ကား ၁၈ စီး ရှိနေပါတယ်။ လူမှုကူညီရေးစာတန်းကပ်ပြီး ပရဟိတ လုပ်ဆောင်နေတဲ့ ကားအစီးရေ ၁၀၀ လောက်လည်း ရှိနေတယ်လို့ ပရဟိတကွန်ရက်မှ ဦးတင်ဆင့်က ပြောပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024