Home
မြန်မာသတင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်ကို ခန့်အပ်
DVB
·
January 20, 2018
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဟန်ဇော်ကို ခန့်အပ်တာဝန်ပေး လိုက်ကြောင်း သမ္မတရုံးက ဇန်န၀ါရီ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၃၂၊ ပုဒ်မ-၂၃၅၊ ပုဒ်မခွဲ(ဂ) ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ပြဋ္ဌာန်းချက်အရ ခန့်အပ်တာဝန် ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။ ဦးဟန်ဇော်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနနှစ်ခု တာဝန်ယူထားတဲ့ ၀န်ကြီးဦးဝင်းခိုင်ကိုတော့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တခုတည်းရဲ့ ၀န်ကြီးအဖြစ် တာဝန်ပေးလိုက်တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024