Home
မြန်မာသတင်း
အဖြောက်မြို့တွင်  ကျပ်ငွေ ၆ ဘီလီယံ အကုန်အကျခံ၍ ရေကာတာတည်ဆောက်
DVB
·
January 15, 2018
26804416_509770096089371_7975418516024211088_n
26731319_509770036089377_6761712762010056183_n
26239692_509770019422712_5827815475112433063_n
26239237_509770079422706_8942361696021051397_n
26239182_509770056089375_5002486193766686495_n
26229653_509770206089360_7331983024728701438_n
  တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ကြွေပုဂံချောင်းကျေးရွာမှာ ရန်ကုန်တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းထိန်းသိမ်းရေး ဦးစီးဌာနက တိုင်းဒေသကြီးဘတ်ဂျတ် ကျပ် ၆ ဘီလီယံ အကုန်အကျခံပြီး ပေပေါင်း တသောင်းကျော် ကွန်ကရစ်ရေကာတာ စတင် တည်ဆောက်နေပါတယ်။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းထိန်းသိမ်းရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူးက “ကြွေပုဂံချောင်းကျေးရွာ မြစ်ကြောင်းက ၉၀ ဒီဂရီအကွေ့ ဖြစ်နေတဲ့အတွက် ရေကြောင်း ပိုနက်တယ်။ ကမ်းပြိုမှုအန္တရာယ် အများဆုံးဖြစ်နိုင်တဲ့နေရာ ဖြစ်တဲ့အတွက် ဦးစားပေး လုပ်ရတာပါ။ ရေကြောင်းလည်း နက်တယ်။ ကွေ့လည်း ဖြစ်တဲ့အတွက် မြေသားရေကာတာ တည်ဆောက်လို့ မရတဲ့အတွက် ကွန်ကရစ်ရေကာတာ တည်ဆောက်ရာမှာ ဇန်နဝါရီ ပထမပတ်ထဲကစပြီး မြေသား ခိုင်မာစေဖို့ မြေတူးစက်တွေနဲ့ စပြီး လုပ်နေကြပြီ မြေသား ခိုင်မာပြီဆိုတော့မှ ကွန်ကရစ်ရေကာတာ လုပ်မှာပါ။ အရှည်အားဖြင့် ပေတသောင်းကျော်မယ်။ ကုန်ကျမှုအနေနဲ့က ကျနော်တို့ ၆ ဘီလီယံ ခန့်မှန်ထားပါတယ်။ အခု ပွင့်လင်းရာသီမှာ အပြီးတည်ဆောက်သွားမှာပါ”လို့ ပြောပါတယ်။ အဖြောက်မြို့မှာ ၂၀၁၅ ခုနှစ်က စတင်ပြီး ဧရာဝတီမြစ်ရေ တိုက်စားလို့ မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျခဲ့ရာ ၂၀၁၇ ခုနှစ်မှာ ပိုမိုများပြားလာခဲ့ပါတယ်။ မြစ်ကမ်းပါး ပြိုကျမှုကြောင့် အေးရွာကျေးရွာ၊ မဲသောင်ကျေးရွာ၊ ပန်းတုန်းပိတ်ကျေးရွာ၊ ရေပေါ်သောင်ကျေးရွာနဲ့ ကြွေပုဂံချောင်းကျေးရွာတွေမှာ အိမ်ခြေ ၂၀၀လောက်နဲ့ စာသင်ကျောင်းတကျောင်း ဘုန်တော်ကြီးကျောင်းတကျောင်းတို့ အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး နေစရာ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကမ်းပြိုတဲ့ရွာတွေကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး  ကမ်းပြိုမိသားစုတွေအတွက် မြေနေရာ ချထားပေးနိုင်ဖို့ ဌာနဆိုင်ရာတွေကို ညွှန်ကြားထားပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024