ယူကရိန်း စာတိုက်ရုံးမှ ဓားစာခံများကို ရဲတပ်ဖွဲ့ စီးရင်း ကယ်တင်

ယူကရိန်းနိုင်ငံ ခါခစ်ဗ်မြို့ရှိ စာတိုက်ရုံးမှာရှိတဲ့ ဖမ်းဆီးခံ ဓားစာခံအားလုံးကို ဒီဇင်ဘာ ၃၀ ရက်နေ့က ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဓားစာခံခေါ်ဆောင်သူအား ဖမ်းဆီးခဲ့ပြီးနောက် နာရီနဲ့ချီကြာ ဓားစာခံခေါ်ထားမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ကနဦးသတင်းထုတ်ပြန်ချက်တွေအရ အမျိုးသားတစ်ဦးဟာ စာတိုက်ရုံးအတွင်းကို မျက်နှာဖုံးတပ် ၀င်ရောက်ခဲ့ပြိး လူ ၁၁ ဦးအား ဓားစာခံအဖြစ် ထိန်းသိမ်းကာ နေရာကို အနုကြမ်းစီးခဲ့ပါတယ်။ အဲဒီင်္လူရဲ့ကိုယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ချည်နှောင်ထားတယ်လို့ ယုံကြည်ရပါတယ်။ ကနဦးပိုင်းမှာ အမျိုးသမီး ၃ ဦးနဲ့ ကလေး ၂ ဦး အပါအ၀င် ဓားစာခံ ၅ ဦးကို လွှတ်ပေးခဲ့ပြီးနောက် အခုလို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းပြီး ကျန်ရှိ ဓားစာခံတွေကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့အကြီးအကဲက “ဓားစာခံခေါ်ဆောင်သူဟာ ခါခစ်ဗ်မြို့ခံတဦးပါ။ မူးယစ်ဆေး ပြစ်မှုတွေနဲ့ပတ်သက်ပြီး တရားစွဲခံရဖူးပါတယ်။ သူဟာ စိတ်ရောဂါကုဆရာဝန်ရဲ့ အကူအညီကို လိုအပ်ပါတယ်။ သူ့ကျန်းမာရေး အခြေအနေကောင်းပါတယ်” လို့ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up