Live
Home
မြန်မာသတင်း
နွေစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးမည့် ​​တောင်​သူတွေကို စိုက်​ပျိုးစရိတ်​​ချေး​​ငွေ​များ ထုတ်ပေး
DVB
·
December 29, 2017
  မွန်ပြည်နယ် သထုံခရိုင်​အတွင်းမှာ ယခုနှစ်​​နွေစပါးနဲ့ ​ဆောင်းသီးနှံစိုက်​ပျိုးမယ့်တောင်သူတွေအနေနဲ့ လုပ်​ငန်းခွင်​အတွင်းမှာ အရင်းအနှီးအ​ထောက်​အပံ့ရ​စေ​ရေးအတွက် ​မြန်​မာ့လယ်​ယာဖွံ့ ဖြိုး​ရေးဘဏ်​က ၂၀၁၇-၁၈ ဘဏ္ဍာ​ရေးနှစ် ​​ဆောင်းရာသီစိုက်​ပျိုးစရိတ်​​ချေး​ငွေသိန်း​ပေါင်း ၃၀၀၀၀​ ကျော်​ကို ထုတ်​ချေး​ပေးခဲ့တယ်လို့ သထုံမြို့နယ်​လယ်​ယာဖွံ့ဖြိုး​ရေးဘဏ်က သိရပါတယ်။ သထုံမြို့နယ်​လယ်​ယာဖွံ့ဖြိုး​ရေးဘဏ် ​မန်​​နေဂျာ ​ဒေါ်​အေး​အေးသိန်းက​ “မနှစ်ကထိတော့ ဆောင်းသီးနှံချေးငွေကို ၂ သောင်းနှုန်းနဲ့ ပဲထုတ်​​ချေး​ပေးခဲ့တာပါ။ ဒါကို​တောင်​သူ​တွေဘက်က အဆင်​မ​ပြေကြဘူးလို့ကြားတယ်။ ပြီးတော့သူတို့ရဲ့ တင်​ပြချက်​​တွေအ​ပေါ် ဗဟိုစာရင်းအင်းဋ္ဌာနရဲ့ ကွင်းဆင်းစီစစ်​ချက်​​တွေအရ တနိုင်​ငံလုံးအတိုင်းအတာနဲ့ ဒီနှစ်မှာတော့ ၃​ သောင်းထပ်​တိုးပြီး တစ်​ဧကကို ၅ သောင်းနှုန်းနဲ့ ပြန်ပြီးထုတ်​​ချေး​ပေးရတာပါ” လို့ ပြောပါတယ်။ ​ဆောင်းသီးနှံစိုက်​ပျိုးမယ့် တောင်သူတွေအနေနဲ့ အဆိုပါငွေထုတ်ချေးနိုင်ဖို့အတွက် ​ကျေးရွာအုပ်​စု​ချေး​ငွေ စီစစ်​​ရေး​ကော်မတီအဖွဲ့ရဲ့ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်း၊ နိုင်​ငံသားစီစစ်​​ရေးကဒ်​ပြားနဲ့အတူ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ မူရင်းတင်ပြနိုင်​တဲ့ တောင်​သူ ၃ ဦးလျှင်​တဖွဲ့ နှုန်းနဲ့ အစုအဖွဲ့ စနစ်​နဲ့ ထုတ်ချေးပေးနေကြောင်း သိရပါတယ်။ ပေါင်မြို့နယ်က ​တောင်​သူတဦးဖြစ်သူ ဦးကွန်ဘက “ဒီလိုမျိုးထပ်​တိုး​ချေး​ပေးတယ်ဆိုတော့ ကျနော်တို့လို တောင်သူတွေအနေနဲ့ ပိုပြီးအဆင်​​ပြေသွားတာ​ပေါ့။ အရင်​တုန်းက စိုက်​ဘဏ်​က ​ချေးပေးတယ်​ဆိုပေမယ့် ကုန်​ကျစရိတ်က​မ​လောက်ငှ​ရင်​ အပြင်​မှာ ထပ်​​ပြီးချေးရတယ်​။ အတိုးတော့များတာ​ပေါ့။ အစိုးရကချေးပေးတဲ့ ငွေဆိုတော့ အချိန်တန်တာနဲ့ ပြန်ပေးရတာပေါ့” လို့ ပြောပါတယ်။ အဆိုပါအစုအဖွဲ့နဲ့ ထုတ်ချေးရာမှာ ​နွေစပါး ၁ ဧကအတွက် ​၁ သိန်းခွဲနှုန်းနဲ့ ဆောင်းသီးနှံ ၁ ဧကအတွက်​ ၅ သောင်းနှုန်းနဲ့ သထုံခရိုင်​အတွင်းရှိ​ကျေးရွာအုပ်​စု​ပေါင်း ၆၁ အုပ်​စုက ​နွေစပါးနဲ့ ဆောင်းသီးနှံစိုက်​​တောင်​သူ ၅၄၆၄ ဦးတို့ကို စိုက်​ပျိုးစရိတ်​​ချေး​ငွေတွေ အချိန်​မီထုတ်​​ချေး​ပေးနေတာ ဖြစ်ပါတယ်။ သတင်း-ယူမင်းစိုး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024