Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံမျက်နှာဖုံးဖြင့် သားကောင်းတမန်မဂ္ဂဇင်း ထုတ်ဝေ
DVB
·
December 21, 2017
နိုင်ငံခြားရေးဝန်ကြီးဌာန နှစ် ၇၀ ပြည့် အထိမ်းအမှတ်  “သားကောင်းတမန်မဂ္ဂဇင်း” ကို  ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သားအဖနှစ်ဦး ဓာတ်ပုံ မျက်နှာဖုံးနဲ့ ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။  ၂၀၁၇ ခုနှစ်၊ သားကောင်းတမန်မဂ္ဂဇင်းကို နိုင်ငံတော်အကြီးအကဲများရဲ့ နိုင်ငံခြား ဆက်ဆံရေးဆိုင်ရာ လှုပ်ရှားမှု ဓာတ်ပုံတွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ၊ အငြိမ်းစား ဝန်ထမ်းတွေရဲ့ သုတရသဆောင်းပါးတွေ၊ ကဗျာတွေ၊ ကာတွန်းတွေနဲ့ ထုတ်ဝေထားပြီး ၂၀၁၈ ခုနှစ် နှစ်ဆန်းမှာ စာဖတ်သူ လက်ထဲ ပို့ဆောင်ပေးမယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ အခုထုတ်ဝေမယ့် သားကောင်းတမန် မဂ္ဂဇင်းမျက်နှာဖုံးမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံနဲ့ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သားအဖ နှစ်ဦးဓာတ်ပုံနဲ့ ထုတ်ဝေဖြန့်ချိမှာ ဖြစ်ပါတယ်။ သားကောင်းတမန် မဂ္ဂဇင်းကို ရန်ကုန်မြို့ရှိ မဟာဗျူဟာလေ့လာရေးနဲ့ လေ့ကျင့်ရေးဦးစီးဌာန၊ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန စာကြည့်တိုက်တို့မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း  တအုပ်လျှင် ကျပ် ၄,၀၀၀ နှုန်းနဲ့ ဝယ်ယူနိုင်ပါတယ်။ Photo : MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024