Home
မြန်မာသတင်း
မောင်တောမြို့နယ်၊ အင်းဒင်ရွာတွင် အမည်မသိ ရုပ်အလောင်းများ တွေ့ရှိ
DVB
·
December 19, 2017
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ အမည်မသိ ရုပ်အလောင်းတွေ တွေ့ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၁၈ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။ အင်းဒင်ကျေးရွာသုသာန်မှာ လူတွေ သတ်ဖြတ်မြှုပ်နှံထားတယ်လို့ အမည်မဖော်လိုသူ တဦးက သတင်းပေးပို့ တိုင်ကြားလာလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ရာမှာ အမည်မသိ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့ရပြီး ဖြစ်စဉ်မှန် ပေါ်ပေါက်နိုင်ရေးအတွက် အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တစုံတရာ ပါဝင်ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါက တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း တပ်မတော်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အင်းဒင်ကျေးရွာမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက လက်ထောက်ပညာရေးမှူး ၁ ဦးနဲ့ ကျောင်းအုပ် ၁ ဦး အပါအဝင် ကျောင်းဆရာ ၄ ဦးနဲ့ ရွာသား ၁ ဦး အာဏာပိုင်တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024