ဆယ်နှစ်အရွယ်သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့သည့် ဖခင်ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံရ

မလေးရှားနိုင်ငံမှာ ဆယ်နှစ်အရွယ် သမီးအရင်းကို အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်အမျိုး သားတဦးဟာ ထောင်ဒဏ် ၁၈ နှစ်နဲ့ ကြိမ်ဒဏ် ၁၀ ချက်ချမှတ်ခံခဲ့ရတယ်လို့ ဒေသ တွင်းသတင်းမီဒီယာတွေမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၂ ရက်နေ့က ကလန်တန်ပြည်နယ်၊ ဘာချော့ခ်ဒေသမှာ ဖြစ်ခဲ့တာပါ။ ကလေး ၈ ယောက်တို့ရဲ့ ဖခင်ဖြစ်တဲ့ အသက် ၅၀ အရွယ် အဆိုပါ အမျိုးသားဟာ အိမ်ထောင်ကွဲနေခဲ့တာဖြစ်ပြီး အဲဒီနေ့ကတော့ သမီးဖြစ်သူကို ဇနီးဟောင်းရဲ့ အိမ်က နေ သူ့အိမ်ဆီခေါ်ဖို့ သွားခဲ့တာပါ။ အစပိုင်းကတော့ သမီးဖြစ်သူက ငြင်းဆန်နေခဲ့ပေမယ့် နောက်တော့ မိခင်ရဲ့ ဖျောင်းဖြမှုကြောင့် ဖခင်နဲ့ လိုက်သွားခဲ့တာဖြစ်တယ်လို့ ချန်နယ်လ်နယူးစ်အေးရှသတင်း မှာ ဖော်ပြပါတယ်။ အဲဒီနေ့ညနေပိုင်း သမီးဖြစ်သူ နေအိမ်ကို ပြန်ရောက်ခဲ့ချိန်မှာ အခြေအနေဟာ တခုခုထူးခြားနေလို့ မိခင်ဖြစ်သူက မေးမြန်းခဲ့ချိန်မှာတော့ သူဟာ ဖခင်ရဲ့ အဓမ္မပြုကျင့်တာ ကို ခံခဲ့ရတယ်လို့ ပြန်ပြောခဲ့တာပါ။ ဒါဟာ ပထမတကြိမ်မဟုတ်ပဲ အဆိုပါ အမျိုးသားဟာ သီတင်းပတ် ၂ ပတ်အကြာမှာ သမီးကို နောက်တကြိမ်ခေါ်ဖို့ ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ မိခင်ဖြစ်သူက မထည့်တော့ဘဲ ရဲကို တိုင်ကြားခဲ့ကာ လက်ရှိမှာတော့ သူ့ကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up