ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် မန္တလေးမြို့တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
December 18, 2017
ကရင်သက္ကရာဇ် ၂၇၅၇ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို မန္တလေးမြို့ သာသနာ ၂၅၀၀ နေရာမှ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျင်းပပါတယ်။
အဲဒီအခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ကရင်အမျိုးသားနှစ်သစ်ကူး ပွဲတော်ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။
ကရင်နှစ်သစ်ကူးပွဲတော် နှုတ်ခွန်းဆက်စကားကို မြန်မာဘာသာအပြင် ကရင်ဘာသာစကား သုံးမျိုးနဲ့ ပြောကြားခဲ့ပြီး ကရင်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ ဖားစည်နဲ့ ကျွဲချိုအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့တဲ့ ကရင်တိုင်းရင်းသား ကျောင်းသူကျောင်းသားတွေကိုလည်း ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။
အခမ်းအနားကို မန္တလေးမြို့အနီးရှိ မြို့ရွာတွေမှ ကရင်တိုင်းရင်းသူ တိုင်းရင်းသားတွေ လာရောက်ခဲ့ကြပါတယ်။