Home
မြန်မာသတင်း
MIG-29 တိုက်လေယာဉ်များသုံးလာနိုင်သဖြင့် ဒေသတွင်းနိုင်ငံများကိုအမီလိုက်နိုင်ဟု ကာချုပ်ပြော
DVB
·
December 16, 2017
MinAungHlaing
25299066_1541537799300413_6153178272482976458_n
25289358_1541537669300426_8094622577622964655_n
25158438_1541537632633763_4285549551062701560_n
25158382_1541537629300430_4980817391991400412_n
25158036_1541537815967078_3643441398201410701_n
  စစ်ပွဲတွေအောင်နိုင်ရေးနဲ့ ပြိုင်ဘက်တွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ လေကြောင်း စစ်ဆင်ရေးက အရေးပါတာကြောင့် မြန်မာ့တပ်မတော် လေတပ်ကို ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ရမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့က မိတ္ထီလာတပ်နယ်၊ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှာ ပြုလုပ်တဲ့ တပ်မတော်လေ နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့နဲ့ လေယာဉ်တွေ တပ်တော်ဝင် အခမ်းအနားမှာ ပြောကြားခဲ့တာပါ။ အခမ်းအနားမှာ Yak -130 အမျိုးအစား လေယာဉ် ၆ စီး၊ Fokker- 70 အမျိုးအစားလေယာဉ် ၂ စီးနဲ့ ATR 42-320 အမျိုးအစား လေယာဉ် ၂ စီး၊ စုစုပေါင်း ၁၀ စီးကို တပ်တော်ဝင် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့လည်း ကာကွယ်ရေးဦးစီချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီလို တပ်တော်ဝင်နိုင်တာဟာ တပ်မတော်ကို Standard Army အဖြစ် တည်ဆောက်ရာမှာ အဓိကကျတဲ့ ခြေလှမ်းဖြစ်တယ်၊ တပ်မတော်(လေ)ရဲ့ သမိုင်းကြောင်းကိုပြန်ကြည့်ရင် လွတ်လပ်ရေးရပြီး နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ရောင်စုံသူပုန်တွေကိုရှိတဲ့ လေယာဉ် နည်းနည်းနဲ့ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တဲ့အပြင် ပြည်ပ ကျူးကျော်တာနဲ့ ပြည်တွင်း သောင်းကျန်းတာတွေကို နှိမ်နင်းရာမှာလည်း ကြည်း၊ ရေတပ်တွေနဲ့ အတူ လေတပ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ၁၉၉၀ ပြည့်နှစ်ပတ်ဝန်းကျင်မှာ  ဒုတိယမျိုးဆက်ဂျက်တိုက်လေယာဉ်တွေ၊ အလတ်စား သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ၊  ဘက်စုံသုံး စွမ်းရည်မြင့်မားတဲ့ ရဟတ်ယာဉ်တွေကို သုံးလာနိုင်ပြီး ၂၀၀၁ ခုမှာ စတုတ္ထ္ထမျိုးဆက် MIG - 29 တိုက်လေယာဉ်တွေ သုံးလာနိုင်လို့  အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေကို အမီလိုက်နိုင်ခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။ အဲဒီနောက် လေယာဉ်တွေ ပျံသန်း အလေးပြုတာ၊ သရုပ်ပြတာတွေကိုလည်း ပြုလုပ်ခဲ့ တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ-CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024