မူဆယ်ဗုံးကွဲ၊ လဝကအရာရှိ (၁) ဦး သေဆုံး
ပီတာအောင်
·
April 20, 2012

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ၁၀၅ မိုင်မှာ ဒီနေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တာကြောင့် လူ ၁ ဦး သေဆုံးသွားတယ်လို့ မူဆယ်ဆေးရုံက အတည်ပြုပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရာ အနီးအနားက ဒေသခံတွေက မနက် ၅ နာရီ ကျော်လောက်က ခရီးသည်တင် ယာဉ်ငယ်တွေကို စစ်ဆေးတဲ့ ဂိတ်အနီးမှာ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုမှာ အသက် ၃၉ နှစ်အရွယ် လူဝင်မှု ကြီးကြပ်ရေးဌာနက အရာရှိတဦး ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ မူဆယ် ဆေးရုံက စုံစမ်းသိရပါတယ်။
မူဆယ် ၁၀၅ မိုင်မှာ အရင်ကလည်း အလားတူပေါက်ကွဲမှုတွေ ဖြစ်ခဲ့ဖူးပြီး ဒီဗုံးခွဲမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာကတော့ မသိရသေးပါဘူး။ မူဆယ် ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းကြည့်ရမှာ လျှိ့ဝှက်ချက် ဖြစ်နေလို့ အရေးယူခံရမှာ စိုးရိမ်တဲ့အတွက် ဖြေကြားလို့ မရဘူးလို့ မူဆယ်မြို့နယ်မှူး ရုံးခန်းက တုံ့ပြန်ပါတယ်။
