တရုတ်တွင် ဓာတုဗေဒစက်ရုံ ပေါက်ကွဲ၊ ၂ ဦးသေ ၇ ဦး ပိတ်မိနေ (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်စုပြည်နယ် လျန်ယဉ်ကောင်းမြို့မှာ ဓာတုဗေဒ စက်ရုံတရုံ စနေနေ့က ပေါက်ကွဲပြီး လူ ၂ ဦး သေဆုံးပြီး ၇ ဦး အပျက်အစီးတွေ အောက်မှာ ပိတ်မိနေပါတယ်။ စက်ရုံရဲ့ လေးခုမြောက် အလုပ်ရုံမှာ ဓာတ်ပေါင်းပြွန်ဟာ မနက် ၂ နာရီမှာ ပေါက်ကွဲခဲ့ပြီးနောက် အနားက အမှတ် ၆ အလုပ်ရုံ ပြိုကျခဲ့တာကြောင့် အထဲက အလုပ်သမား ၇ ယောက်ကို မြှုပ်နှံသလို ဖြစ်ခဲ့ပါတယ်။ အလုပ်သမား ၇ ယောက်လုံး အသက်ရှင်ဆဲဆိုတာ ထောက်လှမ်းနိုင်ခဲ့လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ အခင်းဖြစ်ရာနေရာကို ကန့်သတ်ထားပြီး ကယ်ဆယ်ရေးသမားတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေအတွက် လမ်းရှင်းထားပါတယ်။ အနီးနား မြို့တွေက မီးသတ်သမားတွေကိုလည်း အကူအညီ တောင်းထားရပါတယ်။ ဘေးကင်းရေး စစ်ဆေးဖို့  ဘေးကင်းမှု ကြီးကြပ်ရေး ဌာနက ထုတ်လုပ်မှုတွေကို ရပ်ခိုင်းထားပါတယ်။ ဓာတ်ငွေ့ယိုစိမ့်မှုကို မတွေ့သေးသလို အနားက ရေနဲ့ လေထု အရည်အသွေးလည်း ပုံမှန် ရှိတယ်လို့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး စစ်ဆေးရေးဌာနက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up