အမေရိကန် အထက်တန်းကျောင်း ပစ်ခတ်ခဲ့သည့် သေနတ်သမားအကြောင်း ရဲထုတ်ပြန်

အမေရိကန်နိုင်ငံ နယူးမက်ဆီကိုပြည်နယ်က အထက်တန်းကျောင်း ပစ်ခတ်မှုမှာ သေနတ်သမားဟာ လူအုပ်ကို ပစ်ခတ်ဖို့ လက်နက် ဘယ်လိုရမလဲဆိုတာ အွန်လိုင်းပေါ် တက်မေးခဲ့လို့ စစ်ဆေးမြန်းတာ ခံရဖူးသူတယ်လို့ အရာရှိတွေက ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံ နယူးမက်ဆီကိုပြည်နယ်က အထက်တန်းကျောင်းမှာ ပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ အသက် ၂၁ နှစ်အရွယ် ကျောင်းသားဟောင်း ဖြစ်တယ်၊ လူအုပ်ကို ပစ်ခတ်ဖို့ လက်နက်တွေကို ဘယ်လိုရနိုင်မလဲဆိုတာ အင်တာနက်ပေါ်မှာ မေးခဲ့လို့ ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးတာ ခံခဲ့ရသူလည်း ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ဒီဇင်ဘာ ၈ ရက်နေ့က ပြောပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ယောက် သေဆုံးခဲ့တာပါ။ ပစ်ခတ်သူဟာ ဒေသတွင်း ဓာတ်ငွေ့ဆိုင်မှာ အလုပ်လုပ်သူ ဖြစ်ပြီး အပစ်အခတ်တွေပါတဲ့ အွန်လိုင်းဂိမ်းကို ကစားရတာ ဝါသနာပါသူ ဝီလျံ အတ်ချီဆန် ဖြစ်တယ်လို့ အာဏာပိုင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ပစ်ခတ်မှု မဖြစ်ခင်မှာ အတ်ချီဆန်ဟာ သူလှုပ်ရှားမယ့် လုပ်ငန်းစဉ် အသေးစိတ်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်က သူ့အကောင့်မှာ ရေးခဲ့တာပါ။ စီမံထားတဲ့အတိုင်း အောင်မြင် ပြီးရင် သူ့ခေါင်းသူ သေနတ်နဲ့ပစ်ပြီး သတ်သေမယ်လို့လည်း ရေးထားခဲ့ပါတယ်။ သူဟာ ဒီဇင်ဘာ ၇ ရက်နေ့ မနက် အစောပိုင်းမှာ ကျောင်းသား အယောင်ဆောင်ပြီး ကျောင်းထဲကို ဝင်ခဲ့တယ်လို့ စန်ဟွမ်မြို့နယ် ငြိမ်ဝပ်ပိပြားရေး အရာရှိက သတင်းထောက်တွေကို ပြောပါတယ်။ ကျောင်းဝင်း တခြားနေရာကို ရမ်းသမ်း ပစ်ခတ်ရင်း ကွန်ပျူတာခန်းထဲက ကျောင်းသားတွေကို ပစ်ခတ်ခဲ့တယ်၊ ရဲတွေ ကျောင်းထဲ စဝင်လာချိန်မှာ သူ့ကိုယ်သူ ပစ်သတ်ခဲ့တယ်လို့ ရဲက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up