၁၄ ခုမြောက် အကြီးဆုံး ငြိမ်းချမ်းရေးစိန်ကို ဒေါ်လာ ၆ သန်းခွဲဖြင့် ရောင်းချ

ကမ္ဘာပေါ်မှာ ၁၄ ခုမြောက် အကြီးဆုံး ငြိမ်းချမ်းရေးစိန်ကို ဒေါ်လာ ၆ သန်းခွဲနဲ့ ရောင်းချခဲ့ပြီး ရောင်းရငွေအားလုံးကို စိန်ထွက်ရာ ဆီယာလီယွန်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ၇၀၉ ကာရက်ရှိတဲ့ ငြိမ်းချမ်းရေးစိန်ကို ဆီယာလီယွန်နိုင်ငံ ခိုနိုဒေသ ခေါ်ရာဒူရွာကနေ ပြီးခဲ့တဲ့ မတ်လတုန်းက တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကြက်ဥအရွယ်ရှိတဲ့ အဆိုပါစိန်ကို တွေ့ရှိခဲ့တဲ့ ခရစ်ယာန်သင်းအုပ်ဆရာက အစိုးရကို အပ်နှံခဲ့ပြီးနောက် အခုလို လေလံပြပွဲမှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ “ငြိမ်းချမ်းရေးစိန်ကို ဆီယာလီယွန်နိုင်ငံ သမ္မတ၊ သင်းအုပ်ဆရာ မိုမိုတို့ရဲ့ သဘောတူညီမှုနဲ့ အမေရိကန်ဒေါ်လာ ၆,၅၃၆,၃၆၀ နဲ့ ရောင်းချခဲ့ပါတယ်။ ဒီငြိမ်းချမ်းရေးစိန် လေလံတင် ရောင်းရငွေအားလုံးကို ဆီယာလီယွန်နိုင်ငံ အစိုးရနဲ့ ပြည်သူတွေ ရရှိမှာ ဖြစ်ပါတယ်။ ဒါမျိုး အရင်ကမရှိခဲ့ပါဘူး”  လို့ RAPAPORT စိန်ကုန်သည်အဖွဲ့ ဥက္ကဋ္ဌ မာတင် ရပ်ပါပို့တ်က ပြောကြားခဲ့ပါတယ်။ လေလံတင် ရောင်းရငွေ ဒေါ်လာ ၆ သန်းခွဲကို ငြိမ်းချမ်းရေးစိန်ထွက်ရှိရာ ဆီယာလီယွန်နိုင်ငံမှာ လိုအပ်နေတဲ့ သန့်ရှင်းရေနဲ့ လျှပ်စစ်မီးရရှိရေး၊ ပညာရေးနဲ့ ကျန်းမာရေး ပရောဂျက်တွေမှာ အသုံးပြုသွားမှာဖြစ်ပြီး အထူးသဖြင့် စိန်ထွက်ရှိရာ ခေါ်ရာဒူရွာ ဖွံ့ဖြိုးရေးအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up