Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ သမ္မတ ​နေပြည်​တော်တွင် ​တွေ့​ဆုံ
DVB
·
April 11, 2012
သမ္မတ ဦး​သိန်း​စိန်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ​နေပြည်​တော်မှာ ဒီ​နေ့​မနက် ​တွေ့​ဆုံပါတယ်။ [caption id="attachment_24013" align="alignright" width="310" caption="​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဦး​သိန်း​စိန် ပထမအကြိမ် ​တွေ့​ဆုံခဲ့​စဉ်က"][/caption] တနာရီ​ကျော်ကြာမြင့်​တဲ့​ ဒီ​တွေ့​ဆုံပွဲမှာ ဘာ​တွေ​ဆွေး​နွေး​တယ်ဆိုတာ မသိ​သေး​ဘဲ သမ္မတနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ​နေ့​လယ်စာအတူ သုံး​ဆောင်ကြတယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် သတင်း​ရပ်ကွက်က ​ပြောပါတယ်။ သမ္မတက ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဒုတိယ​မြောက်​တွေ့​ဆုံမှုဖြစ်ပြီး​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့​တဲ့​ ပါတီရဲ့​ ထိပ်တန်း​ ​ခေါင်း​ဆောင်ကို ​တွေ့​ဆုံမှုလည်း​ဖြစ်သလို ​ဒေါ်​အောင်ဆန်း​စုကြည် တက်​ရောက်မယ့်​ လွှတ်​တော်မစတင်မီ နှစ်ပတ်အလို ​တွေ့​ဆုံမှုဖြစ်ပါတယ်။ သမ္မတရဲ့​ ​တွေ့​ဆုံမှုဟာ အ​နောက်နိုင်ငံ​တွေက မြန်မာအ​ပေါ် စီး​ပွား​ရေး​ ဒဏ်ခတ်ထား​မှုကို ဖြည်း​ဖြည်း​ချင်း​ ရုပ်သိမ်း​ဖို့​ စတင်​ပြောဆိုလာချိန် ဖြစ်သလို ​သောကြာ​နေ့​မှာ ဗြိတိန်ဝန်ကြီး​ချုပ် မြန်မာနိုင်ငံကို လာ​ရောက် မလည်ပတ်ခင်အချိန် ဖြစ်ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ​နောက်ဆုံး​အကြိမ် ​နေအိမ်အကျယ်ချုပ်က​နေ လွတ်လာပြီး​တဲ့​နောက် ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ တရား​ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေထဲက ပြင်သင့်​ပြင်ထိုက်တာ​တွေကို ပြင်ဆင်​ရေး​ဆိုတဲ့​ ​ကြွေး​ကြော်သံနဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်ခဲ့​တာမှာ ၄၄ ​နေရာမှာ ၄၃ ​နေရာ အနိုင်ရခဲ့​ပြီး​ လာမယ့်​ ၂၃ ရက်​နေ့​မှာ ပြည်သူ့​လွှတ်​တော်ကို စတင် တက်​ရောက်​တော့​မှာ ဖြစ်ပါတယ်။ ပြီး​ခဲ့​တဲ့​ ၂၀၁၁ ခု ဩဂုတ် ၁၉ ရက်​နေ့​တုန်း​ကလည်း​ သမ္မတဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ပထမဆုံး​အကြိမ် ​တွေ့​ဆုံခဲ့​ကြပါတယ်။ အဲဒီတုန်း​က ထုတ်ပြန်ချက်မှာ သူတို့​နှစ်ဦး​ဟာ မတူကွဲပြား​တဲ့​အမြင်​တွေကို ​ဘေး​ဖယ်ပြီး​ နိုင်ငံနဲ့​ လူမျိုး​အတွက် တကယ်အကျိုး​ရှိမယ့်​ ဘုံအကျိုး​စီး​ပွား​တွေမှာ ပူး​ပေါင်း​ ​ဆောင်ရွက်ကြမယ့်​ အလား​အလာ​တွေကို ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ ပါရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024