WLC -3 ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲမှာ တူတူး၊.စိုးလင်းဦနှင့် စောငမန်းတို့ အနိုင်ရ

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် WLC -3 ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို နိုဝင်ဘာ ၄ ရက်က ကျင်းပခဲ့ရာမှာ မြန်မာကစားသမားတွေဖြစ်တဲ့ တူးတူး၊ စိုးလင်းဦးနဲ့ စောငမန်းတို့က ပြိုင်ဘက်တွေကို အနိုင်ယူခဲ့ပါတယ်။ အဓိကပွဲစဉ်ဖြစ်တဲ့ တူးတူးနဲ့ သြစတြေးလျနိုင်ငံသား ဘာဒါတို တို့ပွဲမှာ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတပွဲဖြစ်ခဲ့ပြီး ၅ ချီပြီးဆုံးချိန်အထိ အရှုံးအနိုင်မပေါ်ခဲ့လို့ အမှတ်နဲ့ဆုံးဖြတ်ခဲ့ရာမှာ တူတူးက အနိုင်ရခဲ့တာပါ။ တူးတူးအနေနဲ့ အခုပွဲအပါအဝင် တနှစ်အတွင်း ၃ ပွဲပဲ ထိုးသတ်ရလို့ အခုပွဲမှာ အလဲထိုးနဲ့အနိုင်ရအောင် မကစားနိုင်ခဲ့တာလို့ တူးတူးရဲ့နည်းပြ ကဘော်မြေ ကျော်စိုးကပြောပါတယ်။ တူးတူးအနေနဲ့ ပွဲအပြီးမှာ ခေါင်းမှာရတဲ့ ဒဏ်ရာဆေးခန်း ပြခဲ့ရပါသေးတယ်။ စိုးလင်းဦးနဲ့ ယူဂန္ဓာက အူမာတို့ပွဲမှာတော့ ဒုတိယအချီ ၁ မိနစ်အရောက်မှာ စိုးလင်းဦးက အလဲထိုး အနိုင်ရခဲ့ပါတယ်။ မြန်မာပြည်ချန်ပီယံဟောင်း စောငမန်းနဲ့ သြစတြေးလျက အက်ဒီဖာရယ်ပွဲကလည်း အကြိတ်အနယ်ရှိခဲ့ပြီး အနိုင်အရှုံးမပေါ်ခဲ့လို့ အမှတ်နဲ့ဆုံးဖြတ်ရာမှာ စောငမန်းက အနိုင်ရရှိသွားတာပါ။ တခြားတွဲ ဆိုင်းတွေမှာတော့ ဖိုးလပြည့်က ကမ္ဘောဒီးယားက ဆာရော့ကို တတိယအချီမှာ အလဲထိုး အနိုင်ရခဲ့ပြီး ပိုလန်ကဆာလာဒိုက်က ရိုမေးနီးယားက အဲလက်စ်ဘာဘလီယာကို အမှတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ သွေးသစ်ဝင်းလိုင်က ရှမ်းကိုကို ပထမအချီမှာပဲ အလဲထိုးနဲ့အနိုင်ရပြီး မိုက်ရိုင်းက ဖကျော်ဟဲ၊ ချစ်မောင်မောင် က ဒိုးလေး တို့ကို အနိုင်ယူခဲ့ပါတယ်။ သတင်း-ဓာတ်ပုံ- လွှမ်းမိုးအောင်/WLC

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up