အမေရိကန် ကျန်းမာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

HHS Secretary Tom Price speaks at a news conference on annual influenza prevention at the Press Club in Washington, U.S., September 28, 2017. REUTERS/Kevin Lamarque
အစိုးရပိုင် အထူးလေယာဉ် အသုံးပြုမှုအပေါ် သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပြစ်တင်ပြောဆိုမှုကြောင့် ကျန်းမာရေးဝန်ကြီး တွမ်ပရိုက်စ် (Tom Price) ဟာ စက်တင်ဘာ ၂၉ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးရဲ့ ခရီးစဉ်တွေမှာ ကုန်ကျစရိတ်များတဲ့ အထူးလေယာဉ် အသုံးပြုမှုတွေကို စိတ်ပျက်မိကြောင်းနဲ့ မြင်ရတာ စိတ်မချမ်းသာဘူးလို့ သမ္မတ ထရမ့်က သတင်းထောက်တွေကို ပြောလိုက်ပြီးနောက် နာရီပိုင်း အကြာမှာပဲ ဝန်ကြီးက နုတ်ထွက်စာတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာ ကျန်းမာရေးဝန်ကြီးက နုတ်ထွက်စာတင်ခဲ့တာကို သမ္မတက သဘောတူလက်ခံခဲ့တယ်လို့  အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လစ်လပ်သွားတဲ့ ဝန်ကြီးနေရာအတွက် ကျန်းမာရေး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒွန်ရိုက်ကို ယာယီဝန်ကြီးအဖြစ် သမ္မတထရမ့်က တာဝန်ပေးအပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up