Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ခိုက်မည့် သတင်းများကြောင့် မောင်တောဒေသခံများ အရေးပေါ် ရွှေ့ပြောင်း
DVB
·
September 11, 2017
အကြမ်းဖက်တိုက်ခိုက်မယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် မောင်တောမြောက်ပိုင်းက ဒေသခံ ၁၂၀၀ ကျော်ဟာ မနေ့ညပိုင်းက မောင်တောမြို့ကို အရေးပေါ်ရွှေ့ပြောင်းလာခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့က အကြမ်းဖက်သမားတွေ ကျေးရွာတွေကို ၀င်ရောက်တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အခုလို တပ်မတော်အကူအညီနဲ့တောင်မောင်တောမြောက်ပိုင်း ကျေးရွာတွေက ပိတ်မိနေသူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းလာတာလို့ နံသာတောင်ပရိဟိတကျောင်းမှာ ကျောင်းထိုင် ဆရာတော်ဦးစာရဏက ဒီဗွီဘီကိုမိန့်ပါတယ်။ နံသာတောင် ပရဟိတကျောင်းက ကျောင်းသူ/သားတွေအပါအဝင် သာယာကုန်း၊ သင်္ဘောလှ၊ တမန်းသစ် ကျေးရွာတွေဒေသခံတွေဟာ စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက ထွက်ပြေးလာခဲ့ကြတာပါ။ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတွေဟာ မောင်တောမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေဖြစ်ကြတဲ့ မြို့မကျောင်းနဲ့ သသာနာ့ဗိမာန်မှာ ခိုလှုံနေကြတယ်လို့ ဆရာတော်က မိန့်ပါတယ်။ သြဂုတ် ၂၅ ရက်နေ့ ARSA အကြမ်းဖက်သမားတွေက နံသာတောင်ပရဟိတကျောင်းကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ၀ဏ္ဏခွာညို  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024