စည်းကမ်းချိုးဖောက်ယာဉ်များအား Viber ဖြင့် တိုင်ကြားမှု ၁၆၀၀၀ ကျော်ရှိခဲ့
DVB
·
September 4, 2017
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်တဲ့ ယာဉ်တွေကို Viber နဲ့ တိုင်ကြားခဲ့တဲ့ အမှုပေါင်းဟာ ၂ နှစ်အတွင်း ၁၆၀၀၀ ကျော်ရှိတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Viber နဲ့ တိုင်ကြားတာ စတင်ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့ကနေ ၂၀၁၇ သြဂုတ် ၃၁ ရက်အထိ အရေးယူ အမှုစာရင်း စုစုပေါင်း ၁၆၆၀၀ ကျော်ရှိတယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။
လာရောက်ဒဏ်ဆောင်ပြီးတဲ့ အမှုကတော့ ၉၉၀၀ ကျော်ရှိပါတယ်။
အမှတ် ၂ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) က Online Complaint Centre, Viber ကတဆင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်တဲ့ ယာဉ်တွေကို တိုင်တန်းရင် ထိထိရောက်ရောက် အရေးယူပေးနေတယ်လို့လည်း ထုတ်ပြန်ပါတယ်။
Viber ဖုန်းနံပါတ်တွေကို ပေးပို့တိုင်တန်းမယ်ဆိုရင် ကျူးလွန်တဲ့ ပြစ်မှု၊ ယာဉ်နံပါတ်ပါတဲ့ ထင်ရှားတဲ့ မှတ်တမ်းဓာတ်ပုံ၊ နေ့ရက်၊ အချိန် ၊ နေရာနဲ့ အတူ Viber ဖုန်းနံပါတ်-09 777436232 - 09 777436233 - 09 777436234 တွေကို ပေးပို့ တိုင်ကြားနိုင်ပါတယ်။