ပျက်ကျ Y-8 လေယာဉ်၏ အစိတ်အပိုင်းများ ထပ်မံတွေ့ရှိ
DVB
·
September 2, 2017

ပျက်ကျ Y-8 လေယာဉ်ရဲ့ လေယာဉ်အစိတ်အပိုင်းတွေ ထပ်မံရှာဖွေ တွေ့ရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
တပ်မတော် (ရေ)မှ စစ်ရေယာဉ်တွေနဲ့ ဒေသခံငါးဖမ်းစက်လှေတွေ ပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ရာမှာ စက်တင်ဘာ ၁ ရက်နေ့ ညနေပိုင်းမှာ ထပ်မံတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဆိုနာစနစ်နဲ့ ရှာဖွေရရှိတဲ့ ပုံရိပ်တွေအပေါ် မူတည်ပြီး လေယာဉ်အမြီးပိုင်း ရှာဖွေတွေ့ရှိခဲ့တဲ့ နေနရာအနီးတ၀ိုက်မှာ ဒေသခံငါးဖမ်းစက် လှေနှစ်စင်းက ငါးဖမ်းပိုက်တွေနဲ့ တရွတ်ဆွဲရှာဖွေရာမှ လေယာဉ်အစိတ်အပိုင်းတွေ ထပ်မံရှာဖွေဆယ် ယူရရှိခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဇွန် ၇ ရက်က မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာတဲ့ Y8 တပ်မတော်ပို့ဆောင်ရေး လေယဉ်ဟာ ထားဝယ်မြို့ အနောက်တောင်ဘက် ၄၃ မိုင် အကွာလောက်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၂၂ ဦး လိုက်ပါလာတာဖြစ်ပြီး အလောင်း ၉၀ ကျေ်ကို ဆယ်ယူရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။