ဒေါ်အောင်ဆန်းစုကြည် မဲပေးမည်မဟုတ်
ရွှေအောင်
·
March 15, 2012

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒ မဲပေးမှာ မဟုတ်တော့ဘူးလို့ ပါတီအတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
[caption id="attachment_22605" align="alignleft" width="300" caption="ဓာတ်ပုံ- ရိုက်တာ"]
[/caption]
မဲပေးဖို့အတွက် သူမလက်ရှိနေထိုင်ရာ ဗဟန်းမြို့နယ်ကနေ ၀င်ရောက်ရွေးချယ် ခံမယ့် ကော့မှူးမြို့နယ်ကို ပုံစံ (၁၀) သန်းခေါင် စာရင်းပြောင်းရွှေ့ဖို့ လိုအပ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အလုပ်များတာကြောင့် သန်းခေါင် စာရင်းပြောင်းဖို့ အချိန်မပေးနိုင်တဲ့ အတွက်သာဖြစ်ပြီး၊ မဲ မပေးချင် လို့ မဟုတ်ပါကြောင်း ဦးဥာဏ်ဝင်း က ရှင်းပြပါတယ်။
ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ဟာ ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံတ၀န်း လှည့်လည်ပြီး ပါတီကို မဲပေးကြဖို့ လူထုကို မဲဆွယ် စည်းရုံးနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်အရွေးခံမယ့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ မဲဆန္ဒပေးပိုင်ခွင့်ရှိသူပေါင်း ခုနှစ်သောင်း ရှစ်ထောင် ကျော် ရှိပြီး၊ ကြံ့ခိုင်ရေး ပါတီက ဒေါက်တာစိုးမင်း၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ဦးတင်ရီတို့ နဲ့  ယှဉ်ပြိုင်ရမှာပါ။
