Home
မြန်မာသတင်း
မြန်မာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကူညီရန် အမေရိကန်သဘောတူလက်မှတ်ထိုး
နေဖြိုးဝင်း
·
August 22, 2017
  မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ဥပဒေစိုးမိုးရေး အကူအညီပေးဖို့ မြန်မာနဲ့  အမေရိကန်သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနမှာ အမေရိကန်သံအမတ် စကော့မာစီရယ်လ်နဲ့ ခေတ္တရဲချုပ် ရဲမှူးချုပ် အောင်ဝင်းတို့ မြန်မာအစိုးရကို အကူအညီပေးရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ခိုင်မာရေးအတွက် အမေရိကန်ရဲ့ အလေးအနက်ထားမှုကို ပေါ်လွင်စေတယ်လို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ အမေရိကန်သံအမတ်ကြီး မာစီရယ်လ်က “မြန်မာအစိုးရက ပြည်သူတွေကို ကာကွယ်ပေးပြီး ပြည်သူ့အကျိုးသယ်ပိုးတာမှာ အမေရိကန်က အကူအညီပေးဖို့ သန္နိဌာန်ချထားပါတယ်။ နိုင်ငံဖြတ်ကျော်မှုခင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ခြိမ်းခြောက်တာတွေ တိုက်ဖျက်ရေးအတွက် အစိုးရ အင်စတီကျုးရှင်းတွေနဲ့ လက်တွဲ ဆောင်ရွက်သွားရေးဟာ အမေရိကန်အစိုးရ ကိုယ်စားပြု ကျနော်တို့ သံရုံးရဲ့ အဓိကရည်မှန်းချက် ဖြစ်ပါတယ်”လို့ ပြောပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ တရားရုံးတွေ၊ ဥပဒေအရာရှိတွေနဲ့ ရဲတွေအပါအ၀င် တရားဥပဒေ စိုးမိုးရေးကဏ္ဍတွေကို နည်းပညာလေ့ကျင့်သင်တန်းပေးတာ၊ ရုပ်ဝတ္ထု အကူအညီပေးတာနဲ့ တရားရေးကျင့်ဝတ်နဲ့ အမှုတွဲလေ့လာဆန်းစစ်ချက်တွေကို ပိုမိုနားလည် သဘောပေါက်စေဖို့ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၁၁ သန်းကျော် ပေးခဲ့တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024