မလေးရှား၊ တရုတ်နှင့်ထိုင်း အလှကုန်ပစ္စည်း ၃ မျိုးသုံးစွဲရန်မသင့်ကြောင်း အသိပေး
DVB
·
August 18, 2017

မလေးရှား၊ တရုတ်နဲ့ ထိုင်း ကုမ္ပဏီထုတ်အလှကုန်ပစ္စည်း ၃ မျိုးကို အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။
မလေးရှားကုမ္ပဏီထုတ် Itemulawak အမှတ်တံဆိပ် Day&Night Cream၊ ကုမ္ပဏီအမည်ကို ထိုင်းဘာသာနဲ့ ဖော်ပြထားတဲ့ MEYYONG အမှတ်တံဆိပ် Whiteing & face Lift နဲ့ တရုတ်ကုမ္ပဏီထုတ် ANGKOR တံဆိပ် Day Cream + Nigt Cream တို့ကို အများပြည်သူ သုံးစွဲဖို့ မသင့်ကြောင်း ကြေညာလိုက်တာပါ။
အဆိုပါအလှကုန်ပစ္စည်း ၃ မျိုးဟာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှာ မှတ်တမ်းတင်ထားခြင်းမရှိတဲ့အပြင် ကျန်းမာရေးအတွက် ဘေးအန္တရယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်း မာကျူရီပါဝင်နေတာ စစ်ဆေးတွေ့ရှိရတယ်လို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။