ခန္တီးမြို့၌ ရေဘေးရှောင်ပြည်သူ ၂၀၀၀ကျော်အထိ ရှိလာ
DVB
·
August 16, 2017

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာ ချင်းတွင်မြစ်ရေဟာ ဆက်လက်မြင့်တက်နေပြီး ရေဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်အထိ ရှိလာပြီလို့ မြို့မဆရာတော် ဦးကော်ဝိတက မိန့်ပါတယ်။
မြို့မဆရာတော် ဦးကော်ဝိက“အခုရေးဘေးအတွက် လာရောက်လှူဒါန်းတဲ့ပစ္စည်းတွေက လူကယ်ပြန်အဖွဲ့ရယ် ကြံ့ခိုင်ရေးပါတီရယ်၊ မီးသတ်ရယ်၊ ကြက်ခြေနီတွေတော့ လာရောက်ကူညီတာ လုပ်ပါတယ်။”လို့ မိန့်ကြားပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ် ၅ ပေခွဲထိ မြင့်တက်နေပြီး ၁၅၁၇ စင်မီတာကို ရောက်ရှိနေပါတယ်။
ခန္တီးမြို့ရှိ မြသိန်းတန်ရိပ်သာကျောင်း၊ ပေါ်မိုင်းဘုန်းကြီးကျောင်း၊ မြို့မဘုန်းကြီး ကျောင်းတွေမှာ ရေဘေးဒုက္ခသည် ၂၀၀၀ ကျော်အတွက် ရေဘေးရှောင်စခန်း ဖွင့်လှစ်ထားပြီး အဓိက သောက်သုံးရေသန့်၊ ဆန်၊ ဆီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။
သတင်း - အောင်ဆန်းမြင့်