ဘူးသီးတောင်-မောင်တော ကားလမ်း၌ ကျပ်သိန်း ၉၅၀၀ ကျော်တန်ဖိုး စိတ်ကြွဆေးများ တွေ့ရှိ
DVB
·
August 15, 2017
ဘူးသီးတောင်-မောင်တောသွားကားလမ်းဟောင်းဘေး လှိုဏ်ဂူငယ်အတွင်း ရေမြောင်းထဲကနေ သြဂုတ် ၁၄ ရက် ညပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျပ်သိန်း ၉၅၀၀ ကျော်တန်ဖိုးရှိတဲ့ ပိုင်ရှင်မဲ့ စိတ်ကြွဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မောင်တော ၆ မိုင် စစ်ဆေးရေးဂိတ် တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်တွေက သြဂုတ် ၁၄ ရက် ည ၈ နာရီမှာ ဘူးသီးတောင်-မောင်တောသွားကားလမ်းဟောင်း ဘေး လှိုဏ်ဂူငယ်အတွင်းရှိ ညာဖက်ရေမြောင်းထဲမှ ပုဆိုး ၁ ထည်နဲ့အတူ ဆာလာအိတ် ၃ အိတ်ထဲမှာ WYစာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၉၉၀၀ ပြားစီပါ အထုပ် ၄၈ ထုပ် အတွင်းမှ ငွေကျပ် ၉၅၀၄ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄၇၅၂၀၀ ပြားကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့တာပါ။
တရားခံတွေ စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် တောင်ဘဇာနယ်မြေစခန်းမှာ အမှုဖွင့် စုံစမ်းနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။