ဟုမ္မလင်း၊ ခန္တီးနှင့် ရွှေကူမြို့များတွင် မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်နေ
DVB
·
August 15, 2017

ဟုမ္မလင်း၊ခန္တီးနဲ့ ရွှေကူမြို့တွေမှာ ဒီကနေ့မနက် တိုင်းထွာချက်တွေအရ မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိနေတဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေသူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ မိုးဇလဌာနက အကြံပြုတိုက်တွန်းထားပါတယ်။
ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့မှာ ပေဝက်ခန့် ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။
ချင်းတွင်းမြစ်ရေဟာလည်း ခန္တီးမြို့မှာ (၄)ပေခွဲခန့်နဲ့ ဟုမ္မလင်းမြို့မှာ (၁)ပေခွဲခန့် စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပြီး စစ်တောင်းမြစ်ရေဟာလည်း မဒေါက်မြို့မှာ ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေပါတယ်။