ဟင်္သာတတွင် H1N1 ရောဂါပိုးရှိ တဦးနှင့် H3N2 ရောဂါပိုးရှိသူ တဦး တွေ့ရှိ
DVB
·
August 10, 2017

ဧရာဝတီတိုင်ဒေသကြီး ဟသာင်္တခရိုင်ဆေးရုံကြီးမှာ H1N1 ရာသီတုပ်ကွေး ရောဂါပိုးရှိလူနာ ၁ဦးနဲ့ H3N2 ရောဂါပိုးရှိသူ ၁ဦး တွေ့ရှိတယ်လို့ ဟသာင်္တခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာတိုးတိုးက အတည်ပြုပြောပါတယ်။
“ဟင်္သာတဆေးရုံကြီးကို ရောက်လာတဲ့ လူနာတွေထဲကမှ H1N1 သံသယရှိလူနာ ၁၅ ဦး တွေ့ပါတယ်။ အဲဒီလူနာတွေထဲက ၈ ဦးကို Nasal Swab ယူပြီး NHL(အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန)ကို ပို့ပါတယ်။ တယောက်က H1N1 Positive ဆိုပြီး အဖြေရပါတယ်။ နောက်တယောက်က H3N2 ဆိုပြီး အဖြေရပါပြီ။ နောက် ၆ ယောက်ကတော့ အဖြေမရသေးပါဘူး” လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
H1N1 ရောဂါပိုးတွေ့ရှိတဲ့ ကလေးငယ်ဟာ သြဂုတ် ၁ ရက်နေ့က သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိတနိုင်ငံလုံးမှာ ရာသီတုပ်ကွေး H1N1 ပိုးတွေ့လူနာ ၁၈၃ ဦးရှိပြီး သေဆုံးသူ ၁၉ ဦး ရှိနေပြီ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း - ထက်ဝေလင်း