Home
အာရှဒေသ
အာဖဂန်ပြည်တွင်း​စစ်​ကြောင့်​ ပျက်စီး​ခဲ့​တဲ့​ ကာဘူး​လ် ​ရှေး​ဟောင်း​ပြတိုက် ပြန်လည်အသက်ဝင်
DVB
·
February 3, 2012
အာဖဂန်နစ္စတန်က ပြည်သူလူထု​တွေလိုပဲ အာဖဂန်ယဉ်​ကျေး​မှုအ​မွေ​တွေကို ထိန်း​သိမ်း​ထား​တဲ့​ ကာဘူး​လ်ပြတိုက်ဟာလည်း​ အ​မှောင်​ခေတ်​အောက်မှာ နှစ်​ပေါင်း​များ​စွာ ကျ​ရောက်ခဲ့​ပါတယ်။ ပြည်တွင်း​စစ်ကာလအတွင်း​ အဲဒီပြတိုက်က ​ရှေး​ဟောင်း​ပစ္စည်း​ ၇၀ ရာခိုင်နှုန်း​ ခိုး​ယူခံရပြီး​ ​မှောင်ခို​ဈေး​ကွက်​တွေမှာ အ​ရောင်း​အဝယ် ဖြစ်ခဲ့​ပါတယ်။ ၂၀၀၁ ခုနှစ်မှာ တာလီဘန်​တွေက ပြတိုက်မှာရှိတဲ့​ ပန်း​ပုနဲ့​ ​ကြေး​သွန်း​ရုပ် ၂၀၀၀ ​ကျော် ကို ဖျက်ဆီး​ပစ်ခဲ့​ပါတယ်။ လူသား​ရုပ်တုပုံ​တွေဟာ အစ္စလာမ်ဘာသာကို ဆန့်​ကျင်တာလို့​ ​ကြေညာပြီး​ အပိုင်း​ပိုင်း​ အစိတ်စိတ် ဖျက်ဆီး​ခဲ့​ပါတယ်။ ဒါ​ပေမဲ့​ မနှစ်ကစပြီး​ အဲဒီပြတိုက် ပြန်လည်ရှင်သန် အသက်ဝင်လာ​အောင် ပြန်လည်စတင်​နေပြီဆိုတဲ့​အ​ကြောင်း​ ကာဘူး​လ်မြို့​မှ သတင်း​ထောက် ‘ဇူဘာယာ ဘာဘာကာခါလီ’ (Zubair Babakarkhail) က သတင်း​ပေး​ပို့​ထား​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024