ပျက်ကျ Y-8 လေယာဉ် အစိတ်အပိုင်းအချို့ ထပ်မံတွေ့ရှိ
DVB
·
July 30, 2017
ပျက်ကျသွားတဲ့ Y-8 လေယာဉ်ရဲ့ ကျန်ရှိနေသေးတဲ့ လေယာဉ် အစိတ်အပိုင်းတွေကို ထပ်မံ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇူလိုင် ၂၉ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဒေသခံ ငါးဖမ်းစက်လှေ ၂ စီးက လေယာဉ် အစိတ်အပိုင်းတချို့ကို အရင် အမြီးပိုင်း ရှာဖွေ တွေ့ရှိတဲ့ နေရာအနီးမှာ ထပ်မံ ဆယ်ယူရရှိတာ ဖြစ်ပါတယ်။
ဒါ့အပြင် လေယာဉ် အစိတ်အပိုင်းတွေ ထပ်မံ ရှာဖွေတွေ့ရှိစေဖို့ တပ်မတော်(ရေ) စစ်ရေယာဉ်တွေနဲ့ ဒေသခံ ငါးဖမ်း စက်လှေတွေ ပူးပေါင်းပြီး ရေအောက် ရှာဖွေရေး ကိရိယာ ဆိုနာစနစ်နဲ့ ရှာဖွေတာ၊ ရေငုတ် ရှာဖွေတာနဲ့ ငါးဖမ်းပိုက်တွေနဲ့ တရွတ်ဆွဲ ရှာဖွေတာတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။