Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် နွေရာသီ လျှပ်စစ်လိုအပ်ချက်မရှိစေရန်ပြင်ဆင်ထား
အောင်ဆန်းဦး
·
July 27, 2017
  နွေရာသီမှာ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်လိုအပ်ချက်မရှိစေဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ဝယ်ယူပြီး ဒီဇယ်ဆီ ဂါလံ ၁၀ သိန်းစုဆောင်း ထားတယ်လို့ လျှပ်စစ်နှင့် စွမ်းအင် ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။ ပြည်ထောင်စု သီးသန့်ရန်ပုံငွေကနေ ကျပ်ဘီလီယံ ၃၀ ထုတ်ယူပြီး ရန်ကုန်တိုင်းမှာ နွေရာသီလျှပ်စစ်မီးအသုံးပြုနိုင်ဖို့ သဘာဝ ဓာတ်ငွေ့နဲ့ ဒီဇယ် လောင်စာ ၂ မျိုးသုံး လျှက်စစ်ဓာတ်အားပေးစက်ဝယ်ယူပြီး ၄၅ ရက်အတွင်း စတင်ဓာတ်အား ထုတ်လုပ်နိုင်မယ်လို့ ပြောဆိုပြီး ၄၅ ရက်ကျော်ချိန်အထိ မထုတ်လုပ်နိုင်သေးတဲ့ အတွက် သိရှိလိုကြောင်း ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကျောက်တံတားအမတ်မေးမြန်းတဲ့မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ဒုဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။ “နွေရာသီကာလရောက်လာတဲ့အခါမှာ တိုင်းပြည်ရဲ့ လျှပ်စစ်ဓါတ်အားလိုအပ်ချက် အထူးမြင့်မားမှာ ဖြစ်တဲ့အတွက်ကြောင့် အဆိုပါ ကာလရောက်လို့ရှိရင် နွေရာသီမှာ ဓာတ်အားအများဆုံး အသုံးပြုတဲ့ နာရီတိုင်းမှာ ဒီဇယ်ကို အသုံးပြုပြီးမောင်းနှင်မှာဖြစ်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်ကြီးမေးခွန်းထဲမှာပါတဲ့ ရန်ကုန်တိုင်း လျှပ်စစ်ကော်ပိုရေးရှင်းရဲ့ ဒီဇယ်ဆီ ၁၀ သိန်းကို စုဆောင်းထားရှိပါတယ်။ လောလောဆယ် ဆီများကို အသုံးပြု၍ နွေရာသီမှာ နေ့စဉ် နာရီပိုင်းလိုအပ်ချက်အတွက်သာ ဖြည့်ဆည်းမောင်းနှင်သွားမှာဖြစ်ပါတယ်။” ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူဝယ်ယူထားတဲ့ သဘာဝဓာတ်ငွေ့နဲ့ ဒီဇယ် လောင်စာ ၂ မျိုးသုံး လျှက်စစ်ဓာတ်အားပေးစက်ရဲ့ ပြုပြင်မောင်းနှင်မှုအပိုင်းကိုတော့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ပေမယ့် ပိုင်ဆိုင်မှုအပိုင်းမှာတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပိုင်ဆိုင်မှာဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024