Home
မြန်မာသတင်း
ဗိုလ်ချုပ်တို့လုပ်ကြံခံရသည့် အတွင်းဝန်ရုံးကန့်သတ်နေရာများ အာဇာနည်နေ့တွင် ကြည့်ခွင့်ရမည်
DVB
·
July 5, 2017
  လာမယ့် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံခဲ့ရတဲ့ အတွင်းဝန်ရုံးရဲ့ ကန့်သတ် နေရာတွေကို ဖွင့်လှစ်ပြသတာနဲ့ အာဇာနည်တွေအတွက် ဆွမ်းကပ်အမျှဝေတာကို အတွင်းဝန်ရုံး ထဲမှာ ပထမဆုံးပြုလုပ်မှာဖြစ်တယ်လို့ အတွင်းဝန်ရုံး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။ နှစ်စဉ် အာဇာနည်နေ့မှာ အတွင်းဝန်ရုံးကို ဖွင့်လှစ်ခဲ့ပေမယ့် အဆောက်အဦ ကြံ့ခိုင်မှုအခြေအနေ ကြောင့် တချို့နေရာတွေကို ကန့်သတ်ထားခဲ့တာပါ။ အတွင်းဝန်ရုံးထဲမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီလွှတ်တော် မူလကနဦးနေရာဖြစ်တဲ့ လွှတ်တော် အဆောက်အဦနဲ့အတူ လွတ်လပ်ရေးရအပြီး မြန်မာနိုင်ငံအလံကို ပထမဆုံးလွှင့်တင်ခဲ့တဲ့ လွှတ်တော်ရုံးရှေ့က အလံတိုင်ကိုလည်း ပြည်သူတွေလေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ အစည်းအဝေးခန်းမကိုလည်း ဖွင့်လှစ် ထားမှာဖြစ်ပြီး အဲဒီနေ့က သုံးစွဲခဲ့တဲ့  အသုံးအဆောင်၊ ကုလားထိုင်တွေနဲ့ အခင်းကျင်းကို ပထမဆုံး အနေနဲ့ ပြန်လည်မြင်တွေ့ရအောင် စီစဉ်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဇူလိုင် ၁၉ ရက်ဟာ နှစ် ၇၀ မြောက် အာဇာနည်နေ့ဖြစ်ပြီး အဲဒီနေ့မှာ အတွင်းဝန်ရုံး ထဲမှာပဲ အသက် ၁၀ နစ်ကနေ ၁၄ အရွယ် ကျောင်းသားလူငယ်တွေရဲ့ လက်ရာပန်းချီပြပွဲ၊ ပြိုင်ပွဲတခုကိုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024