Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း အိန္ဒိယကမ်းခြေအနီးရွှေ့လျားဝင်ရောက်
DVB
·
June 26, 2017
19437580_834085343413212_7649766260340714766_n
  ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ၊ သြရိဿ ကမ်းခြေ အနီးမှ ရွေ့လျားဝင်ရောက်ခဲ့ပြီလို့ မိုးဇလဌာနက ဒီကနေ့ မနက် သတင်းထုတ်ပြန် ပါတယ်။ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေ တဲ့  အိန္ဒိယနိုင်ငံ၊ သြရိဿ ကမ်းခြေနဲ့ အနောက်ဘင်္ဂလားကမ်းခြေတွေမှာ ဖြစ်ပေါ်နေတာလို့ ဆိုပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေတယ်လို့ လည်းဆိုပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့  ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက် လေပြင်းတွေကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် မြန်မာ့ ကမ်းရိုးတန်းတလျှောက် ၇ ပေမှ ၁၀ ပေခန့် ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024