Home အာရှဒေသ အမျိုးသမီးပညာပေး ရေဒီယိုဇာတ်လမ်း ထုတ်လွှင့်မှု ပါကစ္စတန်လူမျိုးစုတွေကြား လူကြိုက်များ
အမျိုးသမီးပညာပေး ရေဒီယိုဇာတ်လမ်း ထုတ်လွှင့်မှု ပါကစ္စတန်လူမျိုးစုတွေကြား လူကြိုက်များ
pakistan_drama_web_120121 ပါကစ္စတန်နိုင်ငံက ‘ခိုင်ဘာ ပါခ်တွန်ဟွာ’ ပြည်နယ်မှာ ခေတ်နောက်ကျတဲ့ ကျေးလက်ဒေသ အများစုရှိပါတယ်။ အဲဒီက လူမျိုးစုတော်တော်များများဟာ ခေတ်ပေါ် ရုပ်ရှင် ဂီတဖျော်ဖြေမှုတွေကို လက်လှမ်းမမီကြပါဘူး။ ပိတ်ပင်ထားခြင်းခံရတဲ့ အဲဒီဒေသတွေမှာ အစွန်းရောက် စစ်သွေးကြွအုပ်စုတွေက လိုင်စင်မဲ့ ရေဒီယိုသတင်းဌာန တည်ထောင်ပြီး ဝါဒဖြန့် မှိုင်းတိုက်မှုတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ မကြာခင်က အဲဒီ့ ဒေသအတွက် ရေဒီယို အစီအစဉ်သစ်တခု ထုတ်လွှင့်နိုင်ခဲ့ပြီး အမျိုးသမီးအခွင့်အရေးနဲ့ ပညာရေးအကြောင်းတွေက လူမျိုးစုတွေရဲ့ စိတ်နှလုံးကို စွဲငြိဖမ်းစားနိုင်ခဲ့တဲ့အကြောင်း ပြည်နယ်ရဲ့မြို့တော် ‘ပါရှ်ဟာဝါ’ ကနေ သတင်းထောက် ‘ရှဒီခန် ဆာအိဖ်’ (Shadi Khan Saif)က သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
ဆက်စပ်သတင်းများ