ကိုဇာဂနာအပါအဝင် မြန်မာနိုင်ငံသားသုံးဦးကို အမေရိကန် NED ဖိတ်ကြား
DVB
·
January 30, 2012
မြန်မာ့နိုင်ငံရေးနဲ့ တိုင်းရင်းသားဒေသ အခြေအနေတွေကို ဆွေးနွေးဖို့ ဟာသသရုပ်ဆောင် လူရွင်တော် ဇာဂနာအပါအဝင် မြန်မာနိုင်ငံသားသုံးဦးကို အမေရိကန်အစိုးရနဲ့ လွှတ်တော်နောက်ခံအဖွဲ့အစည်း NED (National Endowment for Democracy)က ဖိတ်ကြားပါတယ်။
[caption id="attachment_20560" align="alignleft" width="300" caption="ကိုဇာဂနာ (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption]
တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း တင်ပြဖို့ NED က ကချင်ပြည်က လယ်သမားနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာ၊ လူရွှင်တော် ဇာဂနာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးရေးရာ လှုပ်ရှားသူ ဒေါ်ခင်သန်းမြင့်တို့ ၃ ဦးကို ဖိတ်ကြားခဲ့တာပါ။
သူတို့ဟာ အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လုပ်သားရေးရာ ကော်မတီ လက်ထောက် အတွင်းဝန် မိုက်ကယ်ပိုဇနာနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း အမေရိကန်အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကိုလည်း သွားလည်ပတ်မှာဖြစ်သလို အမေရိကန်ရောက် ကချင်အသိုင်းအဝိုင်းထံကိုလည်း လည်ပတ်မယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
“မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေး အခြေအနေရယ်၊ တိုင်းရင်းသား ဒေသမှာဖြစ်နေတဲ့ လက်ရှိ အဖြစ်အပျက်ကို အခြေခံပြီးတော့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တိုင်းရင်းသား ဒေသမှာ တိုက်ပွဲဖြစ်နေတဲ့ကိစ္စ မြန်မာပြည်ရဲ့ အခြေအနေကို နည်းနည်း တင်ပြပေးဖို့ ဆိုပြီးတော့ ကမ်းလှမ်းထားတယ်။”
သူတို့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ ဖိတ်ကြားထားတာ ဖြစ်ပါတယ်။ NED အဖွဲ့ဟာ ကမ္ဘာတဝန်းက ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။